Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စီးပွားရေး သတင်း

မြန်မာနိုင်ငံမှာ ပြည်သူသုံးဒသမခြောက်သန်း အကူအညီပြတ်လပ်နေ

(ဓာတ်ပုံ - အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေကစစ်ဘေးရှောင်တွေ/BNA)

(ဓာတ်ပုံ - အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေကစစ်ဘေးရှောင်တွေ/BNA)

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
8
VIEWS
Share on FacebookShare on Twitter

Border News Agency
နေပြည်တော်၊ နိုဝင်ဘာလ ၁၇။

မြန်မာနိုင်ငံတဝှမ်းမှာ စစ်ရေးပဋိပက္ခတွေ၊ ပြင်းထန်တဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ပြည်သူသုံးဒသမခြောက်သန်းဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပြတ်လပ်မှုနဲ့ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပူးပေါင်းညှိနှိုင်းရေးရုံး(UNOCHA)က နိုဝင်ဘာလ ၁၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။

နိုင်ငံတဝှမ်းရှိပြည်နယ်နဲ့ တိုင်းဒေသကြီးအများအပြားမှာ စစ်ကော်မရှင်တပ်နဲ့ လက်နက်ကိုင်အဖွဲ့အမျိုးမျိုးတွေကြား ပဋိပက္ခတွေဆက်လက်ဖြစ်ပွားနေလို့ အရပ်သားထိခိုက်မှုနှုန်းမှာမြင့်မားနေဆဲဖြစ်တယ်လို့ဆိုပါတယ်။

လက်နက်ကြီးပစ်ခတ်မှုတွေနဲ့တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတာဟာလည်း အခြေအနေကိုပိုမိုဆိုးရွားစေတယ်လို့ ဆိုပါတယ်။

နိုင်ငံတဝှမ်းပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလထိ (IDP) စုစုပေါင်း သုံးဒသမခြောက်သန်း ထိရှိမယ်လို့လည်းဆိုပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလကစလို့ တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့မိသားစုတွေဟာ နေအိမ်တွေကိုစွန့်ခွာတိမ်းရှောင်ခဲ့ကြရပြီး အစားအသောက်၊ အမိုးအကာနဲ့ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အရေးပေါ်လိုအပ်ချက်တွေ တိုးမြင့်လာခဲ့တယ်လို့လည်းဆိုပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးစောင့်ကြည့်မှုအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာစားနပ်ရိက္ခာမလုံလောက်မှု အမြင့်မားဆုံးစိုးရိမ်ဖွယ်ရာနေရာ စာရင်းမှာပါဝင်နေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရခိုင်၊ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ အာဟာရပြည့်ဝမှုဆိုင်ရာ အခြေအနေတွေဟာ လျင်မြန်စွာဆုတ်ယုတ် ကျဆင်းလာနိုင်ဖွယ်ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။

အဲဒီဒေသကထိခိုက်လွယ်တဲ့ လူမှုအသိုက်အဝန်းတွေအတွက် အရေးပေါ် အာဟာရအကူအညီတွေလိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

အဲဒီအပြင်မြေမြှုပ်မိုင်းတွေနဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက်ခဲယမ်းတွေအန္တရာယ်နဲ့ပတ်သက်တဲ့ အချက်အလက်သစ်တွေအရ မြန်မာနိုင်ငံမှာအရပ်သားနှစ်ဦး နေ့စဉ် ပျမ်းမျှထိခိုက်ဒဏ်ရာရရှိနေတယ်လို့လည်း ဆိုပါတယ်။

အဲဒီအခြေအနေဟာ အသက်ကယ်ဆယ်ရေးဆိုင်ရာ အန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းတွေနဲ့ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့်တင်ဖို့ အရေးတကြီးလိုအပ်နေတယ်လို့လည်းဆိုပါတယ်။

၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့တုံ့ပြန်ရေးအစီအစဉ်အတွက် လိုအပ်တဲ့ရန်ပုံငွေရဲ့ဆယ့်ငါးရာခိုင်နှုန်းကိုသာ ရရှိထားဆဲဖြစ်တယ်လို့လည်းဆိုပါတယ်။

အဲဒီလို ရန်ပုံငွေဆိုးရွားစွာမလုံလောက်မှုဟာ ဒုက္ခရောက်နေတဲ့ပြည်သူသန်းပေါင်းများစွာရဲ့ လူမှုဘ၀ရှင်သန်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့အကူအညီပေးအပ်ရေးကို အကြီးအကျယ်ခက်ခဲစေပြီး အရေးပေါ်အကူအညီတုံ့ပြန်မှုလုပ်ငန်းတွေ ရပ်တန့်လုနီးပါးအခြေအနေသို့ ရောက်ရှိနေတယ်လို့ဆိုပါတယ်။

PrevPreviousပေါက်ခေါင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး
Nextမြန်မာနိုင်ငံမှာ မိုင်းကြောင့်နေ့စဉ်အရပ်သားနှစ်ဦး သေဆုံးဒဏ်ရာရနေNext
Previous Post

ပေါက်ခေါင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

Next Post

မြန်မာနိုင်ငံမှာ မိုင်းကြောင့်နေ့စဉ်အရပ်သားနှစ်ဦး သေဆုံးဒဏ်ရာရနေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

​ဂန့်ဂေါမြို့နယ်မှာ အာဏာသိမ်းစစ်တပ် အင်အားဖြည့်တင်းနေ

May 4, 2026

​ဖားကန့် လုံးခင်းမှာ တိုက်ပွဲပြင်းထန်နေ

May 4, 2026
ဓာတ်ပုံ - ထိုင်းတော်ဝင်တပ်ဖွဲ့

​ချင်းသန်းမြို့နယ်မှာတရားမဝင်လာတဲ့တရုတ်နိုင်ငံသား ၄ ဦးကိုဖမ်းမိ

May 4, 2026
ဓာတ်ပုံ - ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနဟာ

​ဂျိုဟိုးထိန်းသိမ်းရေးစခန်းကမြန်မာ ၁၀၄ ဦးအပါအဝင် ၂၃၂ ဦးကို နေရပ်ပြန်ပို့

May 4, 2026

​ဂန့်ဂေါမြို့နယ်မှာ အာဏာသိမ်းစစ်တပ် အင်အားဖြည့်တင်းနေ

​ဖားကန့် လုံးခင်းမှာ တိုက်ပွဲပြင်းထန်နေ

​ချင်းသန်းမြို့နယ်မှာတရားမဝင်လာတဲ့တရုတ်နိုင်ငံသား ၄ ဦးကိုဖမ်းမိ

​ဂျိုဟိုးထိန်းသိမ်းရေးစခန်းကမြန်မာ ၁၀၄ ဦးအပါအဝင် ၂၃၂ ဦးကို နေရပ်ပြန်ပို့

ဌာနေတိုင်းရင်းသားလူနည်းစု အသက်မပြည့်သူတွေကို AA စစ်မှုထမ်းခေါ်နေ

ကံကြီးရွာမှာ အာဏာသိမ်းစစ်တပ် ခံစစ်အခိုင်အမာပြင် အထိုင်ချနေ

Releated Post

ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

​ဂန့်ဂေါမြို့နယ်မှာ အာဏာသိမ်းစစ်တပ် အင်အားဖြည့်တင်းနေ

May 4, 2026

​ဖားကန့် လုံးခင်းမှာ တိုက်ပွဲပြင်းထန်နေ

May 4, 2026
ဓာတ်ပုံ - ထိုင်းတော်ဝင်တပ်ဖွဲ့

​ချင်းသန်းမြို့နယ်မှာတရားမဝင်လာတဲ့တရုတ်နိုင်ငံသား ၄ ဦးကိုဖမ်းမိ

May 4, 2026
ဓာတ်ပုံ - ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနဟာ

​ဂျိုဟိုးထိန်းသိမ်းရေးစခန်းကမြန်မာ ၁၀၄ ဦးအပါအဝင် ၂၃၂ ဦးကို နေရပ်ပြန်ပို့

May 4, 2026
Photo-BNA

ဌာနေတိုင်းရင်းသားလူနည်းစု အသက်မပြည့်သူတွေကို AA စစ်မှုထမ်းခေါ်နေ

May 4, 2026
(ဓာတ်ပုံ-ကံကြီးကျေးရွာကိုသွားရောက်နိုင်တဲ့ဆောမြို့/BNA)

ကံကြီးရွာမှာ အာဏာသိမ်းစစ်တပ် ခံစစ်အခိုင်အမာပြင် အထိုင်ချနေ

May 4, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page