Border News Agency
နေပြည်တော်၊ နိုဝင်ဘာ ၁၉။
ရခိုင်နဲ့မလေးရှားနိုင်ငံကိုပို့မယ့်ကျပ်တ ရာ့နှစ်ဆယ်ဘီလီယံခန့်တန်ဖိုးရှိအိုက်စ်(ICE)မူးယစ်ဆေးဝါးလေးထောင်ကီလိုဂရမ်နဲ့အတူကွင်းဆက်တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကော်မရှင်မှနိုဝင်ဘာလ ၁၈ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ၁ ရပ်ကွက်၊ ဆင်အိုးဖိုရပ်ကွက်၊ ကမ်းနားလမ်း၊ ဂိုဒေါင်အမှတ် ၁၉ ရှိမြေအောက်ခန်းမှာ သိုဝှက်ထိန်းသိမ်းထားတဲ့ မူးယစ်ဆေးဝါးတွေကို နိုဝင်ဘာလ ၅ ရက်နေ့က ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေဟာ ရခိုင်နဲ့မလေးရှားနိုင်ငံကိုပိုမယ့် ကျပ်တရာ့နှစ်ဆယ်ဘီလီယံခန့်တန်ဖိုးရှိတဲ့ အိုက်စ်(ICE)မူးယစ်ဆေးဝါး လေးထောင်ကီလိုဂရမ်နဲ့အတူ အေအေထောက်ပံ့ရေးတာဝန် ခံခင်ထွန်းနဲ့ပုသိမ်မြိုကမူး ယစ်ဆေးဝါးတွေထိန်းသိမ်းပေးသူလ မင်းခန့်ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအမျိုးသားနှစ်ဆယ့်လေးဦး၊M-4 ,A-1သေနတ်တလက်၊ပစ္စတိုနှစ်လက်နဲ့ကုန်တင်သင်္ဘောနှစ်စင်းကိုလ ည်းဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
သူတို့ကို ဥပဒေအရအရေးယူသွားမှာဖြစ်သလို ဖမ်းဆီးဖို့ကျန်တဲ့တရားခံတွေနဲ့ဆက်စပ်တရားခံတွေကိုလည်းဖမ်းဆီးနိုင်ဖို့ဆက်ပြီးလုပ်ဆောင်နေတယ်လို့ဆိုပါတယ်။























