Border News Agency
ဖားအံ၊ နိုဝင်ဘာ ၂၂။
ကရင်မှာ စစ်ကော်မရှင်ရွေးကောက်ပွဲဆန့်ကျင်ဖို့ ကရင်လူငယ်တွေ NO VOTE သပိတ်လုပ်ခဲ့ကြတယ်လို့ ကရင်လူငယ်အစည်းအရုံးမှ နိုဝင်ဘာလ ၂၂ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ကလာမယ့် ဒီဇင်ဘာ လ၂၈ နေ့မှာကျင်းပမယ့် တရားမ၀င်အတုအယောင်လူနဲ့ ပါတီရွေးချယ်ပွဲသာဖြစ်ပြီး နိုင်ငံရေးထွက်ပေါက်တခုသာဖြစ်တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ရဲ့လူနဲ့ပါတီရွေးချယ်ပွဲမှာ ပါ၀င်တာဟာအဆိပ်ပင်ကိုရေလောင်းတာဖြစ်ပြီး တိုင်းပြည်ကိုသေနတ်မိုးအုပ်ချုပ်တဲ့ စစ်တပ်ကိုသက်ဆိုးရှည်စေကာ နိုင်ငံတွင်းအမြစ်တွယ်နေတဲ့ ပဋိပက္ခဟာလည်း ပိုပြီးဆိုးရွားစွာရင်ဆိုင်ကြုံတွေ့လာရမယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ လူနဲ့ပါတီရွေးချယ်ပွဲမှာ ပါဝင်ပူးပေါင်းတာမလုပ်ကြဖို့နဲ့ တိုင်းပြည်ကို အကြမ်းဖက်စစ်တပ်လက်အောက်က ကယ်တင်ကြပါစို့ ဆိုပြီး သပိတ်မှောက်နေကြတာ ဖြစ်ပါတယ်။
အဲဒီNO VOTEသပိတ်မှာ”သင့်မဲသည် ပြည်သူများစွာကို သေစေနိုင်သည်ဆိုတာကို သင်သိပါသလား၊ သင့်မဲဖြင့် လူသတ်ခွင့် မပေးပါနဲ့၊ အကြမ်းဖက်လူသတ်စစ်ဖိနှပ်အောက်မှာ တရားမျှတသောရွေးကောက်ပွဲ လုံး၀မဖြစ်နိုင်ပါ၊ ဖက်စစ်ရွေးကောက်ပွဲ ခွေးထွက်ပေါက် မဲမပေးနဲ့ သပိတ်မှောက်ပါဆိုပြီးပါဝင်ပါတယ်။
အဲဒီအပြင်စစ်ရာဇ၀တ်သားဖြစ်နေသူ ရွေးကောက်ပွဲလုပ်ပိုင်ခွင့်မရှိ၊ သမိုင်းတရားခံဖြစ်ဖို့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်စို့၊ တရားမ၀င် အတုအယောင်ရွေးကောက်ပွဲကို လူထုအားနဲ့တိုက်ဖျက်ကြ၊ တရားမ၀င်အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်၊ စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းဖို့ ပြည်သူအားလုံးတော်လှန်စို့ဆိုပြီး ကရင်လူငယ်တွေ သပိတ်မှောက်နေကြတာဖြစ်ပါတယ်။












