Border News Agency
ပဲခူး၊ ဒီဇင်ဘာလ ၁။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျောက်တွင်းကျေးရွာလမ်းဆုံရှိ စစ်ကော်မရှင်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ ငါးဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ဒီဇင်ဘာလ ၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီ လက်ပံတန်းမြို့နယ်၊ ကျောက်တွင်းကျေးရွာလမ်းဆုံရှိ စစ်ကော်မရှင်တပ်ဂိတ်စခန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး သူတို့အသုံးပြုတဲ့ လက်နက်ငယ်နှစ်လက်နဲ့ ခဲယမ်းတွေကိုသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကော်မရှင်တပ်ဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂၊ အမှတ် ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ ၂၊ ရွှေတန်းမြေ ပကဖ၊ လက်ပံတန်းမြို့နယ် ပကဖအထူးတိုက်ခိုက်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအပြီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။






