Border News Agency
ဒါကာ၊ ဒီဇင်ဘာ ၅။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအမျိုးသမီးငယ်တွေအွန်လိုင်းပေါ်စော်ကားခံရမှုအရှိန်မြင့်တက်လာတယ်လို့ ကုလသမဂ္ဂအ မျိုးသမီးအဖွဲ့က ဆိုပါတယ်။
အွန်လိုင်းပေါ်မှာ ကျား၊မခွဲခြားစော်ကားမှုတွေကိုတိုက်ဖျက်ဖို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေဖြစ်တဲ့UNWomenနဲ့ UNDP ဟာ ပညာပေးဇာတ်လမ်းတွေရိုက်ကူးပြီး လူငယ်တွေကြားပညာပေးလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ဆောင်ရွက်နေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငယ်ရွယ်နုပျိုတဲ့ အမျိုးသမီးတွေမှာ ဒီဂျစ်တယ်အကြမ်းမှုတွေ နေ့စဥ်ရှိနေတယ်လို့ ဆိုပါတယ်။
အာရှပစိဖိတ်ဆိုင်ရာကုလသမဂ္ဂအမျိုးသမီးအဖွဲ့(UN Women Asia and Pacific)ရဲ့ အသစ်ရရှိထားတဲ့အချက်အလက်တွေအရ စော်ကားနှိမ့်ချမှု၊ ခြိမ်းခြောက်မှုနဲ့လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေကို ဘင်္ဂလားဒေ့ရှ်ကအမျိုး သမီးငယ်တွေ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။
အမျိုးသမီးငယ်တွေဟာ လူမှုကွန်ရက်မှ နေ့စဉ်ဘဝထိခြိမ်းခြောက်မှုတွေမြင့်တက်လာပြီး ဒါဟာအမျိုးသမီးတွေအတွက်အကြောက်တရားပတ်ဝန်းကျင်ကို ဖြစ်လာစေတယ်လို့ ကုလသမဂ္ဂအမျိုးသမီးအဖွဲ့က နိုဝင်ဘာလ ၂၆ ရက်နေ့မှာ လူမှုကွန်ရက်ကတဆင့် သတင်းစကားပါးထားပါတယ်။
ဒီလိုအမျိုးသမီးငယ်တွေကို ခြိမ်းခြောက်မှုတွေဟာ ၂၀၂၄ ခုနှစ်နိုင်ငံရေးက သောင်းကနင်းဖြစ်ပြီးနောက်ပိုင်းမှာ ပိုဆိုးလာပါတယ်။
ဒါနဲ့ပတ်သက်လို့ ဘင်္ဂလားဒေရှ့်ဆိုင်ရာ UN Women အဖွဲ့နဲ့ UNDP က ပညာပေးရုပ်သံဇာတ်လမ်းတွေကို ရိုက်ကူးနေပါတယ်။
ရံပုံငွေကိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဆွီဒင်သံရုံးကပေးပါတယ်။
လူငယ်တွေကြားမှာဒီဂျစ်တယ်အကြမ်းဖက်မှုတွေအပေါ် ပြန်လည်တုန်ပြန်နိုင်ဖို့ကို ရည်ရွယ်ပါတယ်။
လူပေါင်းထောင်ချီပါဝင်တဲ့ဆိုရှယ်ပလက်ဖောင်းတခုကို တည်ဆောက်ထားပြီး အဲဒီပလက်ဖောင်းမှစော်ကားမှုတွေ၊ခြိ မ်းခြောက်မှုတွေကို ပြန်လည်တုန့်ပြန်ဖို့ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။
ဘင်္ဂလားဒေ့ရှ်အခြေစိုက် Daily Sun သတင်းစာက အဲဒီပလက်ဖောင်းဟာ နိုင်ငံအတွင်း မတရားမှုတွေ၊ ချိုးဖောက်မှုတွေကို သတင်းပေးဖို့အတွက်အသုံးပြုလို့ရနိုင်တယ်လို့ ဆိုပါတယ်။
UN Women အဖွဲ့ကတော့တချို့စော် ကားမှုတွေဟာ နေ့စဉ်ဘဝမှာ ထမင်းစားရေသောက်သလို သေးငယ်တဲ့ အရေးမကြီးပုံရှိနေပေမယ့် ထိခိုက်ခံစားရသူအတွက် နာကျင်နိုင်တယ်လို့ ဆိုပါတ ယ်။
စော်ကားခံရသူဘက်က ရပ်တည်ပေးဖို့နဲ့ကောင်းတဲ့အပြောင်းအလဲကို ဦးတည်ဖို့အတွက် အဲဒီပလက်ဖောင်းကို အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။
လူငယ်တော်တော်များများဟာ အွန်လို င်းပေါ်မှာစော်ကားမှုနဲ့ ခြိမ်းခြောက်မှုတွေကို အမျိုးသမီးငယ်တွေအတွက် ကျား၊မ အခြေပြုအကြမ်းဖက်မှုဖြစ်တယ်လို့ သိမြင်မှုသိပ်မရှိကြပါဘူး။
အဲဒီလိုအခြေအနေတွေကြောင့် အမျိုးသမီးငယ်တွေဟာ အွန်လိုင်းပေါ်မှာ စော်ကားခံရရင်အကူအညီတောင်းရမှာစော်ကားမှုကိုပြန်လည်တုန့်ပြန်ရမှာထက် ပုဂ္ဂလိကဆိုင်ရာအရှက်တရားကြောင့် နုတ်ပိတ်နေကြတာ များပါတယ်။
ဒါဟာ စော်ကားမှုတွေကို ကိုယ်တိုင်က သဘောတူသလိုဖြစ်နေပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ကျား၊ မ အခြေပြုအကြမ်းဖက်မှုဆန့်ကျင်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအတွင်းမှာကို အွန်လိုင်းပေါ်က စော်ကားမှု၊ခြိမ်းခြောက်မှုတွေ ရှိနေပါတယ်။
လက်ရှိမှာ စော်ကားမှု၊ခြိမ်းခြောက်မှုတွေက နိုင်ငံရေးထဲပါဝင်နေတဲ့ အမျိုး သမီးငယ်တွေဆီကို ဦးတည်နေပါတယ်။
ငယ်ရွယ်တဲ့ အမျိုးသမီးငယ်တဦး ရွေးကောက်ပွဲဝင်မယ်ဆိုရင် သူမကို နိုင်ငံ ရေးရည်ရွယ်ချက်ရှိရှိ နောက်သလိုပြောင်သလို Trolling ကြပါလိမ့်မယ်။
ဇာတ်လမ်းအတု အချက်အလက်အတုနဲ့ တိုက်ခိုက်ပါလိမ့်မယ်။နိုင်ငံရေးအရ ခြိမ်းခြောက်ပါလိမ့်မယ်။
အဲဒီအမျိုးသမီးငယ်ရဲ့နေ့စဉ်ဘဝကို ရိုက်ခတ်သွားအောင် တိုက်ခိုက်ကြပါလိမ့်မယ်။
အရပ်ဘက်လူမှုအဖွဲ့အစည်းတွေဟာ ဒီဂျစ်တယ်နယ်ပယ်ထဲမှာ တရားမျှတမှုကိုရရှိဖို့၊ခိုင်မာသောဥပဒေအကာအကွယ်ရှိလာဖို့ ကိုတောင်းဆိုသင့်ပါတယ်။
စော်ကားခြိမ်းခြောက်မှု အချက်အလက်တွေကို စုဆောင်းထားပေးသင့်ပါတယ်။
ကျူးလွန်သူတွေပြန်လည်တာဝန်ခံလာအောင်လုပ်ဆောင်ရကိစ္စရပ်တွေဘက်က ရပ်တည်သင့်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ကအမျိုးသမီးငယ်တွေကို ဒီဂျစ်တယ်အကြမ်းဖက်မှုမှ ကာကွယ်ဖို့နဲ့ ဒီဂျစ်တယ်ရပ်ဝန်းမှာ ဘေးကင်းလုံခြုံမှုရှိလာဖို့ချက်ချင်းလက် ငင်းပူးပေါင်းပါဝင်ဖို့လိုအပ်တယ်လို့ UN Women အဖွဲ့က ဆော်ဩနေပါတယ်။
မူရင်း…






