Border News Agency
ပေါက်၊ ဒီဇင်ဘာ ၉။
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူတွေစစ်ဘေးရှောင်ထွက်ပြေးနေကြရပြီး အကူအညီတွေလိုအပ်နေကြပါတယ်။
အဲဒီပေါက်မြို့နယ် ကပစ ၂၄ လက်နက်စက်ရုံမှ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၅၀ခန့်ဟာ ချောင်းကူးရွာ၊ ပျမရွာတောင်ကုန်း တလျောက်စခန်းချနေကြတယ်လို့ဆိုကြပါတယ်။
အဲဒါကြောင့် အနီးရှိကျေးရွာငါးရွာမှ အိမ်ထောင်စု ၄၅၇စု လူဦးရေ ၁၇၀၀ နီးပါးဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ အမိုးအကာတွေ၊ စောင်တွေ၊ ခြင်ထောင်တွေလိုအပ်နေကြပါတယ်။

















