Border News Agency
ကျောက်ဖြူ၊ ဒီဇင်ဘာ ၁၂။
ကျောက်ဖြူမြို့နယ်ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ရှစ်ဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာရသွားတယ်လို့ အာရက္ခတပ်တော်(AA)ထုတ်ပြန်ပါတယ်။
အဲဒီကျောက်ဖြူ့မြို့နယ်၊ ငလုံးစုကျေးရွာကို ဒီဇင်ဘာလ ၁၁ ရက်၊ ည ၇ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ် ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ရှစ်ဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
နောက်ဆက်တွဲအခြေအနေတွေကို ဆက်လက်ဖော်ပြပါမယ်။






