Border News Agency
စစ်ကိုင်း၊ ဒီဇင်ဘာ ၁၄။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားလေးဦးသေဆုံးသွားပြီး ဆယ်ဦးဒဏ်ရာရသွားတယ်လို့ဝက်လက်သတင်းကွန်ရက်မှ ဒီဇင်ဘာလ ၁၄ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီဝက်လက်မြို့နယ်၊ ထုံးဘိုရွာအနီးရှိ စစ်ဘေးရှောင်ပြည်သူတွေနေတဲ့သန်းကုန်းတောတိုက်နေရာကို ဒီဇင်ဘာလ ၁၃ ရက်၊ ညနေ ၉ နာရီ ၃၀ မိနစ်အချိန်မှာ စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်လို့ အသက်လေးနှစ်အရွယ်ကလေးငယ်တဦး၊ အသက် သုံးဆယ်လေးနှစ်အရွယ်သူဇာနွယ်၊ အသက်နှစ်ဆယ့်ခြောက်နှစ်အရွယ် ကိုတွတ်ပီနဲ့ အသက်ခုနှစ်ဆယ်အရွယ် ဦးခင်မောင်လွင် တို့သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် ဆယ်ဦးဒဏ်ရာရသွားပြီး သူတို့တွေဟာဒဏ်ရာပြင်းထန်တာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ဆိုပါတယ်။
နောက်ပြီး နေအိမ်ရှစ်လုံးလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ သေဆုံး၊ ဒဏ်ရာရသွားသူတွေဟာ ရွှေဘိုမြို့နယ်၊ ကုလားမရွာမှ ဝက်လက်မြို့နယ်ကို စစ်ဘေးရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေဖြစ်တယ်လို့ဆိုပါတယ်။












