Border News Agency
စစ်ကိုင်း၊ ဒီဇင်ဘာ ၁၅။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရဲ့အထင်ကရနေရာတွေမှာ ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားတာတွေပြုလုပ်နေပါတယ်။
ဘန်နာတွေချိတ်ဆွဲတာ၊ လက်ကမ်းစာစောင်တွေနဲ့ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ကဗျာရွတ်ဖတ်တာတွေကို လုပ်ဆောင်ခဲ့တယ်လို့ ရွှေဘိုပကဖက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီရွေဘိုမြို့ရဲ့အထင်ကရနေရာတွေဖြစ်တဲ့ အဝေးပြေးကားကြီးဝင်းထိပ်တံတားပေါ်နဲ့ အလောင်းမင်းတရားကြီးဦးအောင်ဇေယျရုပ်ထုရှေ့၊ အလက-၁ ကျောင်းမျက်နှာချင်းဆိုင်စိုက်ပျိုးရေးရုံးရှေ့၊ ရွှေဘို-ရေဦးလမ်းထိပ်နေရာတွေမှာ ပြုလုပ်နေတာပါ။
စစ်ကော်မရှင်တပ်ဟာရွှေဘိုမြို့ထဲမှာ တရားမဝင်ရွေးကောက်ပွဲဆန့်ကျင်ရေး ဘန်နာတွေချိတ်ဆွဲခံရတဲ့အတွက် အော်ဟစ်ဆဲဆိုပြီး ဗီနိုင်တွေကိုလာရောက်ဖျက်ဆီးတာတွေရှိတယ်လို့ဆိုပါတယ်။
အဲဒီလှုပ်ရှားမှုကို ရွေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDO)၊ တိုက်နယ် ၅ ပကဖ အဖွဲ့တွေပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်။

















