Border News Agency
ကျောက်ဖြူ၊ ဒီဇင်ဘာ ၁၆။
ကျောက်ဖြူမြို့နယ်၊ ငလုံးစုအထက်ရွာနဲ့ အောက်ရွာကို ဒီဇင်ဘာလ ၁၁ ရက်နေ့ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့
အရပ်သားရှစ်ဦးသေဆုံးပြီး ဆယ့်ခြောက်ဦးဒဏ်ရာရသွား ခဲ့ပါတယ်။
အဲဒီ ဒဏ်ရာရသူဆယ့်ခြောက်ဦးထဲက ဆေးကုသမှုခံယူနေတဲ့ အမျိုးသားတဦး ဒဏ်ရာပြင်းထန်တာကြောင့် ဒီဇင်ဘာလ ၁၅ ရက်နေ့၊ နေ့လည် ၁ နာရီ ၁၀ မိနစ်အချိန်က ဆေးရုံမှာသေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီ ကျောက်ဖြူမြို့နယ်၊ ငလုံးစုအောက်ရွာမှ အသက်လေးဆယ့်တနှစ်အရွယ် ဦးမောင်သန်းကြည် သေဆုံးသွားခဲ့တာပါ။
စစ်ကော်မရှင်တပ်ဟာ ငလုံးစုအထက်ရွာနဲ့ အောက်ရွာကို ဒီဇင်ဘာလ ၁၁ ရက်၊ ညနေ ၇ နာရီခွဲအချိန်က လေကြောင်းမှ ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားရှစ်ဦးသေဆုံးခဲ့ပြီး ဆယ့်ခြောက်ဦး ဒဏ်ရာရသွားခဲ့တာပါ။ အဲဒီထဲက ဒဏ်ရာပြင်းထန်တဲ့ အမျိုးသားတဦးထပ်ပြီးသေဆုံး ခဲ့တာပါ။
တခြားဒဏ်ရာရသူတွေလည်း ဒဏ်ရာပြင်းထန်တာကြောင့် ခုချိန်ထိ အရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေအပါအဝင် သူတို့ထိန်းချုပ်ထားဆဲဖြစ်တဲ့ ကျောက်ဖြူမြို့နယ်ကို ရွယ်ရည်ချက်ရှိရှိ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ နေ့စဥ်ပစ်ခတ်တိုက်ခိုက်နေတာကြောင့် အပြစ်မဲ့အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံး၊ ဒဏ်ရာရနေ ကြပါတယ်။






