Border News Agency
တနင်္သာရီတိုင်း၊ ဒီဇင်ဘာလ ၁၇။
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး လက်နက်တွေနဲ့အတူ အလင်းဝင်လာတယ်လို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့မှ ဒီဇင်ဘာလ ၁၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့အပတ်စဉ် ၁၆ ခလရ ၂၆၇ တပ်ရင်းမှကိုပြည့်ဖြိုးမောင် ပစ- ၁၈၈ ၅၇၃ နဲ့ကိုပြည့်လင်းအောင် ပစ – ၁၈၈ ၅၇၇ တို့နှစ်ဦးဟာ ဒီဇင်ဘာလ ၁၄ ရက်နေ့က အလင်းဝင်လာတယ်လို့ ဆိုပါတယ်။
သူတို့နှစ်ဦးနဲ့အတူ MA – 1 နှစ်လက်၊ ကျည်ဘောက်နှစ်ခု၊ ၅.၅၆ ကျည်ငါးဆယ်တောင့်နဲ့အတူ လောင်းလုံသံမဏိလိပ်ပြာတပ်ဖွဲ့ဆီ အလင်းဝင်လာတာလို့ဆိုပါတယ်။
အလင်းဝင်ရောက်လာတဲ့ တပ်သားနှစ်ဦးကိုဆုကြေးငွေသိန်းသုံးဆယ်ကျပ်စီချီးမြှင့်ခဲ့ပြီး လုံခြုံစိတ်ချရတဲ့နေရာသို့ ပို့ထားတယ်လို့ဆိုပါတယ်။
တော်လှန်ရေးနဲ့ စစ်ရေးအရှိန် မြင့်လာတာနဲ့အမျှ ပြည်သူဘက်၊ အမှန်တရားဘက်၊ ရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ရင်ခွင်ခုံလှုံပြီး အမြန်ဆုံးပူးပေါင်းပေးကြဖို့လည်း တော်လှန်ရေးညီနောင်တပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။










