Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

လက်နက်ကိုင်တပ်ဖွဲ့၏တာဝန်နှင့် သစ္စာခံမှု – ၁

Author picture

By

Saw Shin Nyo
Reading Time: 2 mins read
0
A A
0
SHARES
50
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ ဇန်နဝါရီ ၃။

တာဝန်နှင့် သစ္စာခံမှုတူပါသလား

ဤမေးခွန်းအားဖြေရန်အတွက် တာဝန်ဘယ်အရာ၊ သစ္စာခံမှုက ဘယ်အရာဆိုသည်ကို ပြန်လည်ဆန်းစစ်ရန်လိုလာသည်။

ဤသို့ပြန်လည်ဆန်းစစ်ပါက အဘယ်ကြောင့်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်လာရသနည်းဆိုသော အကြောင်းရှိနေသည်။

ထိုအကြောင်းကို ပီပြင်စေရန်မေးခွန်းထုတ်ပြပါက”လူ့အဖွဲ့အစည်းတခုတွင် အဘယ်ကြောင့်လက်နက်ကိုင်တပ်ဖွဲ့ လိုအပ်နေရသနည်း။”ဆိုသော အချက်ထွက်လာသည်။

“လူ့အဖွဲ့အစည်းတခုတွင် အဘယ်ကြောင့်လက်နက်ကိုင်တပ်ဖွဲ့လိုအပ်နေရသနည်း”

ဤအချက်ကိုမဆန်းစစ်ဘဲ”တာဝန်နှင့် သစ္စာခံမှုတူပါသလား“၊”တာဝန်ဘယ်အရာဖြစ်သနည်း။ သစ္စာခံမှုကဘယ်အရာဖြစ်သနည်း။”ဆိုသောမေးခွန်းများကို တိုက်ရိုက်ဖြေဆိုနိုင်မည်မဟုတ်ပေ။

လူ့အဖွဲ့အစည်းတခုတွင် လက်နက်ကိုင်တပ်ဖွဲ့တခုလိုအပ်လာရသည့်အချက်မှာ”ထိုလူ့အဖွဲ့အစည်းအားဘေးကင်းလုံခြုံအောင်ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက်“ဖြစ်သည်။

ဤအချက်သည် အမှန်တကယ့်စစ်မှန်သော ပရော်ဖက်ရှင်နယ်လက်နက်ကိုင်တပ်ဖွဲ့တခု၏ အခြေခံစည်းမျဉ်းလည်းဖြစ်သည်။

လိုအပ်ရသည့်သဘာဝ

လူ့အဖွဲ့အစည်းတခုသည် ၎င်းတို့၏ဘေးကင်းလုံခြုံမှု၊ ပျော်ရွှင်အေးချမ်းမှုများကို ကာကွယ်ရန်အတွက် လက်နက်ကိုင်တပ်ဖွဲ့တခုကို တည်ဆောက်ကြသည်။

လူထုသည် လက်နက်ကိုင်တပ်ဖွဲ့၏ အာဏာပါဝါမူလပိုင်ရှင်ဖြစ်သည်။ ထိုအာဏာပါဝါအား လက်နက်ကိုင်တပ်ဖွဲ့ထံသို့ ပေးအပ်ထားသည်။

“ဤအချက်အားငြင်းဆန်လိုသူများ” ရှိပါကအောက်ပါအတိုင်းသာ ပြန်လည်၍အဓိပ္ပါယ်ဖွင့်ပါမည်။”လူ့အဖွဲ့အစည်းတခု၏ဘေးကင်းရေးသည် ထိုလူ့အဖွဲ့အစည်း၏ မူလတာဝန်ဖြစ်သည်။

ထိုတာဝန်အားလက်နက်ကိုင်တပ်ဖွဲ့တခုကို အသိအမှတ်ပြုတည်ဆောက်၍ လုပ်ဆောင်ရန်ပေးအပ်ထားသည်။ ကာကွယ်ရေး၏မူလပိုင်ရှင်မှာ ပြည်သူလူထုသာဖြစ်သောကြောင့်သာ”လူထုအား စစ်မှုထမ်းခိုင်းနေခြင်း၊ လူထုထံမှအရင်းအမြစ်ရယူနေခြင်း“မဟုတ်ပါလော။

ထိုသို့မဟုတ်ပါက လူထုအားစစ်ထဲဆွဲသွင်းခြင်း၊ အရင်းအမြစ်ထုတ်ယူခြင်းများကို လူထုနှင့်နိုင်ငံတော်ကို ကာကွယ်ရန်အတွက်ဟု အဘယ်ကြောင့်အကြောင်း ပြချက်ပေးနေသနည်း။

လက်နက်ကိုင်တပ်ဖွဲ့ဟူသော စကားလုံးက ညင်သာပါသည်။

ဤအသုံးအနှုန်း၏သဘာဝကို ပိုမိုရှင်းလင်းအောင် အဓိပ္ပါယ်ဖွင့်ရလျှင်”ကာကွယ်ရန်အတွက် အကြမ်းဖက်ရက်စက်ကြမ်းကြုတ်မှုကို ပြုလုပ်ခွင့်ရထားသောအဖွဲ့အစည်း“ဟူ၍အဓိပ္ပါယ်ရသည်။

လူ့အဖွဲ့အစည်းတခုအနေဖြင့် မိမိတို့အားပျက်စီးအောင်ပြုလုပ်လာသော ရန်သူကို ပြန်လည်၍အကြမ်းဖက်ကြ မ်းကြုတ်မှုဖြင့် ကာကွယ်ရန်ဖွဲ့စည်းထားသောအဖွဲ့ကို လက်နက်ကိုင်တပ်ဖွဲ့ဟု ခေါ်သည်။

ဤတွင်ပင် မူလအနှစ်သာရသဘောသဘာဝက ပါဝင်နေပြီဖြစ်သည်။ လူထုကိုကာကွယ်ရန်”ကြမ်းကြုတ်ရက်စက်ပိုင်ခွင့်“ရှိသည်။

ထိုအချက်၏အတိမ်အနကမှာ”ကြမ်း ကြုတ်ရက်စက်မှုဟူသည် လူထုကိုကာကွယ်ရန်၊ ဘေးရန်ကင်းရှင်းရန်အတွက်လူထုအားအန္တရာယ်ဖြစ်စေသောအရာအပေါ်တွင်သာ“ပြုလုပ်ပိုင်ခွင့်ရှိသော အခွင့်အာဏာဆိုသည့်သဘောကဒင်္ဂါးပြား၏ ခေါင်းနှင့်ပန်းလို ဒွန်းဒွဲနေသည်။

သို့သော်ဖြစ်လာတတ်သောသဘာဝတခုမှာ”လူထုအားအန္တရာယ်ဖြစ်စေသော အရာအပေါ်တွင်သာ”ပြန်လည်၍အကြ မ်းဖက်ကြမ်းကြုတ်ခွင့်အား “လူထုအ ပေါ်တည့်တည့်ကြမ်းကြုတ်ရက်စက်မှု “ဆိုသည့်ဘက်ကိုလည်း ရောက်လာတတ်သောသဘာဝသည် လက်နက်ကိုင်တပ်ဖွဲ့တွင် ရှိနေတတ်သည်။

သို့ဖြစ်၍”လူထုအပေါ်တွင် ကြမ်းကြုတ်ရက်စက်မှုမပြုရန် မည်သို့ပြုလုပ်ကြမည်နည်း”ဟူသောအချက်သည် လက်နက်ကိုင်တပ်ဖွဲ့တခုအား မည်သို့တည်ဆောက်လည်ပတ်စေမည်နည်းဟူသောအချက်ကို စဉ်းစားသောအခါအမြဲတန်းထည့်သွင်းလာရခြင်းဖြစ်သည်။

“အရပ်ဖက်အုပ်ချုပ်ရေး၏အောက်တွ င်လက်နက်ကိုင်တပ်ဖွဲ့ကိုထားသည်။” ဟူသောစည်းမျဉ်းသည်လျှာတွင်အရိုးမရှိတိုင်းပြောနေသည့်စကားလုံးမဟု တ်ပေ။

အရပ်ဖက်အုပ်ချုပ်ရေး၏အောက်တွင် လက်နက်ကိုင်တပ်ဖွဲ့အားထားခြင်းသည်”လူထုအပေါ်တွင် ကြမ်းကြုတ်ရက်စက်မှုမပြုရန်”အတွက်ထားသောသဘောလည်းဖြစ်သည်။

တာဝန်ဘယ်အရာဖြစ်သနည်း။

လက်နက်ကိုင်တပ်ဖွဲ့တခု၏တာဝန်မှာ လူထုကိုကာကွယ်ရန်ဖြစ်သည်။ လက်နက်ကိုင်တပ်ဖွဲ့တခုသည် မည်သူ့ကိုသစ္စာခံရမည်နည်းဟုဆိုလျှင်”လူထုကိုသာ သစ္စာခံရမည်“ဖြစ်သည်။

ဤအချက်က လက်နက်ကိုင်တပ်ဖွဲ့တခုလုံးကို လွမ်းခြုံထားသော သဘောတရားဖြစ်သည်။

ထိုလွှမ်းခြုံမှုက လက်နက်ကိုင်တပ်ဖွဲ့တခု၏ အဖွဲ့ဝင်တိုင်းတဦးချင်းအပေါ် သက်ရောက်သည်။

သို့သော် မည်မျှပင်သဘောတရားက သက်ရောက်ပါစေ။ လက်တွေမြေပြင်၌ ကားလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ဝင်များ၏ အသိစိတ်တွင်တော့ ထိုသဘောတရားက မှိန်ဖျော့လွန်းလှသည်။ တပ်ဖွဲ့ဝင်တယောက်၏ အသိစိတ်အပေါ်တွင် တာဝန်ဆိုသည်နှင့်”အထက်အမိန့်အားနာခံရမည်။”ဆိုသည့် ရိုက်သွင်းချက်သာဇောင်းထကြသည်။

လက်နက်ကိုင်တပ်ဖွဲ့တခု၏ နဂိုမူရင်းအနှစ်သာရကို အလေးအနက်မထားဘဲ”အထက်အမိန့်အားနာခံရမည်။”ဆိုသည့် ရိုက်သွင်းချက်က အန္တရာယ်များလှသည်။ တပ်ဖွဲ့ဝင်များအပေါ် ညီနောင်စိတ် ထားရှိရမည်။ မိမိတပ်ဖွဲ့အပေါ်သစ္စာရှိရမည်ဆိုသည့်အချက်များက အပြင်ပန်းကကြည့်လျှင် အပြစ်ဆိုစရာမရှိပေ။

သို့သော် မိမိတပ်ဖွဲ့အပေါ်သစ္စာရှိရမည်ဆိုသောအချက်၌ ပင်တပ်ဖွဲ့အပေါ် လွှမ်းမိုးနေသူက ထိုတပ်ဖွဲ့၏ခေါင်းဆောင်ဖြစ်နေသည်မဟုတ်လား။

ထိုအခါ တပ်ဖွဲ့အပေါ်သစ္စာရှိရမည်ဆိုသော သဘောတရားအပေါ် တပ်ဖွဲ့ခေါင်းဆောင်အပေါ် သစ္စာရှိရမည်ဆိုသောအချက်ကသာ ပို၍လွှမ်းမိုးသွားတော့သည်။

ထိုပြင်”ပြည်သူလူထု၊ နိုင်ငံတော်နှင့်ဖွဲ့စည်းပုံအခြေခံဥပဒေ”ဟူသောအချက်များကို ခွဲခြားထား၍မရပေ။ နိုင်ငံတော်၏မူလပိုင်ရှင်သည် ပြည်သူလူထုသာဖြစ်သည်။

ပြည်သူလူထုအချင်းချင်း ငြိမ်းချမ်းစွာနေထိုင်နိုင်ရန် ပြည်သူလူထုများကြားတွင် အပြန်အလှန်ပဋိညာဥ်ပြုရသည်။

ထိုပဋိညာဥ်များထဲတွင် အမြင့်ဆုံးမှာဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သည်။ သို့ဖြစ်၍ ခေတ်သစ်သမိုင်းတွင် ပရော်ဖက်ရှင်နယ် လက်နက်ကိုင်တပ်ဖွဲ့များသည် မိမိတို့လူ့အဖွဲ့အစည်း နိုင်ငံတော်၏ ပဋိညာဥ်ဖွဲ့စည်းပုံအခြေခံဥပဒေအား ကာကွယ်စောင့်ရှောက်ရမည်ဟူသော တာဝန်ကိုယူကြသည်။

အကယ်၍သာ လက်နက်ကိုင်တပ်ဖွဲ့တခုသည်”ပြည်သူလူထု၊ နိုင်ငံတော်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ”တွင် တခုခုအားချန်လှန်ထားကာ ကိုယ်လိုရာကိုဆွဲပြောနေပါက ထိုလက္ခဏာသည် အန္တရာယ်များသည်။

တပ်ဖွဲ့ဝင်တယောက်သည်”ပြည်သူလူထု၊ နိူင်ငံတော်နှင့်ဖွဲ့စည်းပုံအခြေခံဥပဒေ”၏ အနှစ်သာရကို နားမလည်ပါက ထိုတပ်ဖွဲ့ဝင်၏ သစ္စာခံမှုမှာ”သူ၏တပ် ဖွဲ့ခေါင်းဆောင်”အပေါ်တွင်သာ ပိုရှိလာမည်ဖြစ်သည်။ တပ်ဖွဲ့ခေါင်းဆောင်လုပ်သမျှတိုင်းသည် မူလကျင့်ဝတ်စံနှုန်းများနှင့်ညီ၏။ မညီ၏လည်း စဉ်းစားနေမည်မဟုတ်တော့ချေ။

ပရော်ဖက်ရှင်နယ် လက်နက်ကိုင်တပ်ဖွဲ့များ၌ တပ်ဖွဲ့ဝင်များအပေါ် တာဝန်ပိုင်းအရ ဖွင့်ဆိုထားမှုရှိသည်။

ထိုဖွင့်ဆိုမှုများတွင် တပ်ဖွဲ့ဝင်တဦးသည်ဥပဒေနှင့် ညီသောအမိန့်ညွှန်ကြားချက်များကို လိုက်နာရန်တာဝန်ရှိသည်။

အကယ်၍အမိန့်သည် တရားမဝင်၊ ဥပဒေနှင့် ညီညွှတ်မှုမရှိ (ဥပမာ-လက်နက်မဲ့ ဆန္ဒပြသူများအပေါ် ပစ်ခတ်ကြမ်းကြုတ်ရမည်)ဆိုပါက ငြင်းဆန်ရမည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုသို့ ငြင်းဆန်မှုသည် ဥပဒေအားကာကွယ်ခြင်းစောင့်ရှောက်ခြင်း၊ ဥပဒေအပေါ်တွင် သစ္စာခံခြင်းသဘောဖြစ်နေပြီး စေခိုင်းသောအမိန့်သည်ဥပဒေနှင့်မညီတရားမျှတမှုမရှိ၍ဖြစ်သည်။ မည်သည့်ဖြစ်စဉ်တိုင်းတွင်မဆို တပ်ဖွဲ့ဝင်တစ်ယောက်အနေဖြင့် မိမိ၏မည်သို့လုပ်ရပ်မှာ နိုင်ငံတော်၊ ပြည်သူလူထုနှင့်ဥပဒေကို ကာကွယ်စောင့်ရှောက်မှုပိုဖြစ်စေသည်ကို ဆန်းစစ်ခိုင်းထားသည်။

“သစ္စာစောင့်သိမှုဟာ အလွန်အရေးကြီးတဲ့အရာဖြစ်ပြီး စစ်မြေပြင်ရဲ့အကြီးမားဆုံးသော အင်အားစုလည်း ဖြစ်ပါတယ်။ဒါပေမယ့် ဘယ်သူမှသစ္စာရှိဖို့ တရားဟောရုံနဲ့ စစ်သည်တွေရဲ့သစ္စာ စောင့်သိမှုကို မရနိုင်ပါဘူး။ တပ်ဖွဲ့ဝင်တယောက်ဟာ တခြားကိုယ်ကျင့်တရားနဲ့ အရည်အချင်းကောင်းတွေကို လက်တွေ့သက်သေပြနိုင်မှသာ သစ္စာတရားကိုရရှိနိုင်တာဖြစ်ပါတယ်။”ဟူ အမေရိကန်တပ်မတော်၏ ဗိုလ်မှူးချုပ် (Brigadier General)တာဝန်ကို ထမ်းဆောင်သူဗိုလ်ချုပ်အက်စ်အဲလ်မာရှယ် (General S.L.A. Marshall )က ပြောခဲ့ဖူးသည်။

ဆက်လက်ဖော်ပြပါမည်။

PrevPreviousဆင်ဖြူကျွန်းမြို့ရှိ စစ်ကော်မရှင်တပ် အုပ်ချုပ်ရေးယန္တားတွေကို တော်လှန်ရေးတပ်တွေတိုက်
NextKNU ဆီ စစ်ကော်မရှင်တပ်ဖွဲ့ဝင်သုံးဦး အလင်းဝင်Next
Previous Post

ဆင်ဖြူကျွန်းမြို့ရှိ စစ်ကော်မရှင်တပ် အုပ်ချုပ်ရေးယန္တားတွေကို တော်လှန်ရေးတပ်တွေတိုက်

Next Post

KNU ဆီ စစ်ကော်မရှင်တပ်ဖွဲ့ဝင်သုံးဦး အလင်းဝင်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အဖွဲ့အစည်းတခု၏အလေ့အထနှင့် ကျူးကိုးကွေး

May 5, 2026

အလင်းမိန်ခံရခြင်း

May 5, 2026

အဖွဲ့အစည်းတခု၏ အလေ့အထနှင့် စက္ကူကျားစံတန်ဖိုးများ

May 5, 2026
Photo-BNA

ဌာနေတိုင်းရင်းသားလူနည်းစု အသက်မပြည့်သူတွေကို AA စစ်မှုထမ်းခေါ်နေ

May 4, 2026

​ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ တွေ့ခွင့်ပေးဖို့ သြစတြေးလျသံရုံး တောင်းဆို

​ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ယူကေဝန်ကြီး တောင်းဆို

မဏိပူရ်မှာမူးယစ်ဆေးဝါးနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

​အီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ ပေကျင်းမှာတွေ့နေ

​မော်လူးမြို့ကို အာဏာသိမ်းစစ်တပ် ပြန်ထိန်းချုပ်

တနင်္သာရီမှာ အာဏာသိမ်းစစ်တပ်ကားမိုင်းဆွဲခံရပြီး တိုက်ပွဲတွေဖြစ်ပွား

Releated Post

​ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ တွေ့ခွင့်ပေးဖို့ သြစတြေးလျသံရုံး တောင်းဆို

May 6, 2026

​ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ယူကေဝန်ကြီး တောင်းဆို

May 6, 2026

မဏိပူရ်မှာမူးယစ်ဆေးဝါးနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

May 6, 2026
Ref/Photo - Al Jazeera

​အီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ ပေကျင်းမှာတွေ့နေ

May 6, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

​မော်လူးမြို့ကို အာဏာသိမ်းစစ်တပ် ပြန်ထိန်းချုပ်

May 5, 2026
ဓာတ်ပုံ - မြိတ်ခရိုင်အမှတ် ၂ တပ်ရင်း

တနင်္သာရီမှာ အာဏာသိမ်းစစ်တပ်ကားမိုင်းဆွဲခံရပြီး တိုက်ပွဲတွေဖြစ်ပွား

May 5, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page