Border News Agency
အမေရိကန်၊ ဇန်နဝါရီ ၃။
ဖမ်းဆီးခံထားရတဲ့ ဗင်နီဇွဲလားသမ္မတနီကိုလပ်စ်မာဒူရိုနဲ့ဇနီးကို မူးယစ်ဆေးဝါး၊ အကြမ်းဖက်မှုတွေနဲ့ အမေရိကန်ကတရားစွဲမယ်လို့ သမ္မတဒေါ်နယ်ထရန့်ရဲ့အစိုးရက ဇန်နဝါရီ ၃ ရက်၊ ဒီနေ့ ပြောကြားလိုက်ပါတယ်။
အဲဒိီအမေရိကန်ရှေ့နေချုပ်ပါမယ်လာဘွန်ဒီက မာဒူရိုနဲ့၎င်းရဲဇနီးတို့ကို အမေရိကန်မြေပေါ်ရှိ အမေရိကန်တရားရုံးတွေမှာ အမေရိကန်တရားစီရင်ရေးကို အပြည်အ၀ရင်ဆိုင်ရလိမ့်မယ်လို့ သူရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
မာဒူရိုဟာမူးယစ်ဆေးဝါး၊ အကြမ်းဖက်လျှို့ဝှက်ကြံစည်မှုစွဲချက်၊ ကိုကင်းတင်ပို့မှု လျှို့ဝှက်ကြံစည်မှုစွဲချက်တွေကို နယူးယောက်ဖက်ဒရယ်တရားရုံးမှာ ရင်ဆိုင်ရမယ်လို့လည်း ဘွန်ဒီကဆိုပါတယ်။
ဗင်နီဇွဲလားသမ္မတနီကိုလပ်စ်မာဒူရိုနဲ့ဇနီးကို ဇန်နဝါရီလ ၃ ရက်၊ ဒီနေ့မှာ အမေရိကန်ကဖမ်းဆီးထားပြီးဖြစ်တာကို သမ္မတထရမ့်က သူရဲ့လူမှုကွန်ရက်စာမျက်နှာမှတဆင့် ထုတ်ပြန်ကြေညာထားတာပါ။
အမေရိကန်ပြည်ထောင်စုဟာ ဗင်နီဇွဲလားနိုင်ငံအပေါ် အကြီးစားတိုက်ခိုက်မှုကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ဗင်နီဇွဲလားသမ္မတနီကိုလပ်စ်မာဒူရိုနဲ့ဇနီးကို လေယာဉ်နဲ့တိုင်းပြည်ပြင်ပသို့ ဖမ်းဆီးခေါ်လာခဲ့တာဖြစ်ပါတယ်။






