Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဓာတ်ပုံသတင်း နိုင်ငံရေး သတင်း

ဘန်ကောက်မှာ မူးယစ်ဆေးဝါးရောင်းတဲ့ မြန်မာအမျိုးသားတဦး ဖမ်းဆီးခံရ

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency
​ဘန်ကောက်၊ ဇူလိုင် ၁၆။

​ဘန်ကောက်၊ဘန်ခဲခရိုင်မှာရှိတဲ့ အငှားအခန်းတခုမှာ စိတ်ကြွဆေးပြားတွေ၊အိုက်စ်နဲ့ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ကိရိယာတွေနဲ့အတူ အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ် မြန်မာနိုင်ငံသား ကိုချစ်ကိုကိုကို နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေက ဇူလိုင်လ ၁၅ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။

​အဲဒီအခန်းထဲမှာ ဆယ်ကျော်သက်တွေ စုဝေးပြီး မူးယစ်ဆေးဝါး သုံးစွဲနေတာကြောင့် ပတ်ဝန်းကျင်က တခြားနေထိုင်သူတွေကို နှောင့်ယှက်မှု ဖြစ်စေတယ်ဆိုတဲ့ တိုင်ကြားချက်အရ ရဲတပ်ဖွဲ့ကသွားရောက်စစ်ဆေးရာကနေ အခုလို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

​ရဲတပ်ဖွဲ့ဝင်တွေကို မြင်တဲ့အချိန်မှာ သံသယရှိသူက မူးယစ်ဆေးဝါးထုပ်ကို ရေချိုးခန်း အိမ်သာခွက်ထဲ မျှောချပြီး သက်သေဖျက်ဆီးဖို့ ကြိုးစားခဲ့ပေမယ့် ရဲတပ်ဖွဲ့က အချိန်မီတားဆီးပြီး ဆေးဝါးတွေကို ပြန်လည်ဆယ်ယူနိုင်ခဲ့ပါတယ်ါ

အဲဒီမူးယစ်ဆေးဝါးတွေဟာ သူ့ရဲ့ ပိုင်ဆိုင်မှု ဖြစ်တယ်လို့ ကိုချစ်ကိုကိုက ဝန်ခံခဲ့ပါတယ်။ သူက ဖေ့စ်ဘွတ်ခ်ကနေတဆင့်မစ္စတာရဲဆိုသူဆီကနေ စိတ်ကြွဆေးပြား အလုံးနှစ်ရာပါတဲ့ အထုပ်တထုပ်ကို ဘတ်သုံးထောင့်ငါးရာ နဲ့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

​အဲဒီနောက် ဆေးပြားတွေကိုဆယ်ပြားတထုပ်၊ အပြားငါးဆယ်တထုပ် ပြန်ခွဲထုတ်ပြီး ဝယ်သူတွေရဲ့ အော်ဒါအလိုက် ပြန်လည်ရောင်းချကာ အမြတ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဝင်ငွေကောင်းပြီး ပိုက်ဆံရှာရ လွယ်ကူတာကြောင့် အဲဒီလို လုပ်ကိုင်နေတာနှစ်လခန့် ရှိပြီလို့လည်း ဝန်ခံပြောဆိုထားပါတယ်။

​သူ့ရဲ့ အခန်းထဲမှာ တွေ့ရတဲ့ မူးယစ်ဆေးဝါး သုံးစွဲတဲ့ ကိရိယာအများအပြားဟာ ဆေးဝါးလာရောက် ဝယ်ယူတဲ့ဆယ်ကျော်သက် ဖောက်သည်တွေအတွက် စီစဉ်ပေးထားတာ ဖြစ်ပြီး သူကိုယ်တိုင်လည်း ဖောက်သည်တွေနဲ့အတူ မူးယစ်ဆေးဝါး အတူတူ သုံးစွဲလေ့ ရှိပါတယ်။

​ရဲတပ်ဖွဲ့ကသူ့ကို ဆေးရုံမှာ ဆီးစစ်ခဲ့ရာမှာ မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း အဖြေထွက်ခဲ့တာကြောင့် တရားမဝင်ရောင်းချဖို့ ရည်ရွယ်ချက်နဲ့ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှု၊ သုံးစွဲမှုတွေနဲ့ အမှုဖွင့် အရေးယူထားတယ်သိရပါတယ်။

PrevPreviousအာဏာသိမ်းစစ်တပ်ကို တရားဝင်မှုပေးဖို့ ကြိုးပမ်းမှုအပေါ် APHR သတိပေး
Nextအာဏာသိမ်းစစ်တပ်ရဲ့ ရာဇဝတ်မှုတွေမှာ အာဆီယံကြံရာပါမလုပ်ဖို့ JFM တောင်းဆိုNext
Previous Post

အာဏာသိမ်းစစ်တပ်ကို တရားဝင်မှုပေးဖို့ ကြိုးပမ်းမှုအပေါ် APHR သတိပေး

Next Post

အာဏာသိမ်းစစ်တပ်ရဲ့ ရာဇဝတ်မှုတွေမှာ အာဆီယံကြံရာပါမလုပ်ဖို့ JFM တောင်းဆို

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အာဏာသိမ်းစစ်တပ်ကို တရားဝင်မှုပေးဖို့ ကြိုးပမ်းမှုအပေါ် APHR သတိပေး

July 16, 2026
ဓာတ်ပုံ - APM

မင်းပြားရေဘေးသင့်ပြည်သူတွေကို အာရက္ခအစိုးရဆေးကုပေး

July 16, 2026

ပေါက်တောမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ဦးဒဏ်ရာရ

July 15, 2026

ရိုဟင်ဂျာလှေနစ်မြှုပ်မှုကို ပေါက်တောဒေသခံတချို့အတည်ပြု

July 15, 2026

နေပြည်တော်မှာမြန်မာ-ရုရှား ပူးပေါင်းစစ်ရေးလေ့ကျင့်

မလေးရှားမှာ မြန်မာအပါအဝင်နှစ်ဆယ့်လေးဦး ဖမ်းဆီးခံရ

မင်းကြောင်းတံတားကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်

အရာတော်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်အပါအဝင် သုံးဦးသေဆုံး

မဲဆောက်မှာတရားမဝင်လာတဲ့ မြန်မာလူငယ်တဦး ဖမ်းဆီးခံရ

မြောက်ဦးမှာ အာရက္ခအစိုးရရနဲ့ ပြည်သူပေါင်းပြီးသန့်ရှင်းရေးလုပ်

Releated Post

နေပြည်တော်မှာမြန်မာ-ရုရှား ပူးပေါင်းစစ်ရေးလေ့ကျင့်

July 15, 2026
​ဓာတ်ပုံ - ကဒါးပြည်နယ်လူဝင်မှုကြီးကြပ်ရေးဌာန

မလေးရှားမှာ မြန်မာအပါအဝင်နှစ်ဆယ့်လေးဦး ဖမ်းဆီးခံရ

July 15, 2026

မင်းကြောင်းတံတားကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်

July 15, 2026

အရာတော်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်အပါအဝင် သုံးဦးသေဆုံး

July 15, 2026
ဓာတ်ပုံ - တာ့ခ်ခရိုင်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးဌာန

မဲဆောက်မှာတရားမဝင်လာတဲ့ မြန်မာလူငယ်တဦး ဖမ်းဆီးခံရ

July 15, 2026

မြောက်ဦးမှာ အာရက္ခအစိုးရရနဲ့ ပြည်သူပေါင်းပြီးသန့်ရှင်းရေးလုပ်

July 15, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page