Border News Agency
ကော့ဘဇား၊ ဩဂုတ် ၂၈။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇား – တက်ကနက်ဖ်မေရန်းဒရိုက်ဗ်လမ်းမပေါ်ရှိ ရေဇူခါလ် BGB စစ်ဆေးရေးဂိတ်မှာ ကိုယ်ပေါ်မှာသီးသန့်ဝှက်လာတဲ့ မူးယစ်ဆေးပြား ၅,၂၀၀ နဲ့အတူ မူဆလင်အမျိုးသမီးတဦးကဖမ်းဆီးခံရပါတယ်။
အဲဒီအသက်နှစ်ဆယ့်ရှစ်နှစ်အရွယ် ရှာဘနူးရ်ဟာ တက်ကနက်ဖ်မြို့နယ်၊ ဆာဘာရန်းကျေးရွာအုပ်စု၊ မာဂျဲရ်ပါရာဒေသမှာ နေထိုင်သူဖြစ်ပါတယ်။
သူဟာ ဩဂုတ်လ ၂၈ ရက်၊နေ့လည် ၃ နာရီ ၄၀ မိနစ်အချိန်မှာ တက်ကနက်ဖ်မြို့မှ ကော့စ်ဘဇားမြို့ဆီမောင်းနှင်လာတဲ့ C-N-G သုံးဘီးယာဉ်တစီးကို တားဆီးစစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့တာပါ။
အဲဒီ သိမ်းဆည်းရမိခဲ့တဲ့မူးယစ်ဆေးပြားတွေရဲ့ ခန့်မှန်းကာလတန်ဖိုးမှာ တာကာ ၁၅ သိန်း ၆ သောင်းခန့်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ထုတ်ပြန်ပါတယ်။
အဲဒီအမျိုးသမီးကိုသိမ်းဆည်းရမိခဲ့တဲ့ မူးယစ်ဆေးပြားတွေနဲ့အတူ ဥပဒေအတိုင်းဆက်အရေးယူနိုင်ရေးအတွက် ရာမူရဲစခန်းကိုလွှဲပြောင်းပေးနေတယ်လို့ဆိုပါတယ်။






