Border News Agency
နီပေါ၊ ဩဂုတ် ၂၉။
နီပေါရေဘေးသင့်ပြည်သူတွေဆီ အကူအညီတွေရောက်ရှိနိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုက အရေးပေါ်ကူညီရေးပစ္စည်း ပထမအသုတ်ကိုစတင်ပေးပို့လိုက်ပြီဖြစ်တယ်လို့ နီပေါနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သြဂုတ်လ ၂၈ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အမေရိကန်သံရုံးယာယီတာဝန်ခံ စကော့တ် အာဘွမ်က စတင်ပေးပို့လိုက်တဲ့ အဲဒီအကူအညီတွေမှာစားနပ်ရိက္ခာ ၂ ဒသမ ၅ မက်ထရစ်တန်ကျော်၊စောင် ၅၀၀၊ ခြင်ထောင် ၅၀၀ နဲ့ ယာယီခိုလှုံရေးစခန်းတွေအတွက် အခင်းမြှုပ်ဖျာ ၅၀၀ ပါဝင်တာပါ။
အဲဒီကူညီရေးပစ္စည်းတွေကို Catholic Relief Services နဲ့ သူတို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ Caritas Nepal တို့မှတဆင့် ရာဆူဝါဒေသရှိ စာသင်ကျောင်း ၂ ကျောင်းဆီ သွားရောက်ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။
ခုလက်ရှိမှာတော့ အမေရိကန်သံရုံးအနေနဲ့ နီပေါနိုင်ငံရဲ့ အမှန်တကယ်လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့် နောက်ထပ်ကူညီရေးပစ္စည်းတွေဆက်လက်ပေးပို့နိုင်ရေးအတွက် နီပေါအစိုးရ၊ Catholic Relief Services၊ Caritas Nepal တို့နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေပါတယ်။














