Border News Agency
စစ်တွေ၊ ဇန်နဝါရီ ၄။
စစ်ကော်မရှင်ရွေးကောက်ပွဲအပိုင်း ၁ မှာ ရခိုင်ကပြည်သူ့လွှတ်တော်မှာ ကြံ့ဖွံ့နှစ်နေရာ၊ ရခိုင်တိုင်းရင်းသားများပါတီတနေရာ အနိုင်ရတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က ဇန်နဝါရီလ ၄ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ ကျောက်ဖြူနဲ့စစ်တွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ကနိုင်ပြီး မာန်အောင်မှာ ရခိုင်တိုင်းရင်းသားများပါတီ (RNP) က အနိုင်ရသွားတယ်လို့ ဆိုပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်မှာ ကြံ့ဖွံ့ပါတီမှ ဦးသန်းအေးက ကြိုတင်မဲ ၃ဝ၂၄ မဲနဲ့ ခိုင်လုံမဲ ၆၃၅၅ မဲ၊ ခိုင်လုံမဲ ၄၃၆၄ မဲ၊ ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP) မှ ဦးဘသိန်းရင် က ကြိုတင်မဲ၂၆၄ မဲ နဲ့ခိုင်လုံမဲ ၄၃၆၄ မဲ၊ ဦးဘရှိန်ဦးဆောင်တဲ့ ရခိုင်တိုင်းရင်သားများပါတီ (RNP) မှ ဦးသန်းလှိုင်ထူးက ကြိုတင်မဲ ၁၈၁ မဲနဲ့ ခိုင်လုံမဲ ၂၃ဝ၆ မဲ ရခဲ့ကြပါတယ်။
အဲဒါကြောင့် ကြံ့ဖွံ့ပါတီမှ ဦးသန်းအေးဟာ ခိုင်လုံမဲရာနှုန်း ၄၈ ဒသမ ၇၉ ရာနှုန်းနဲ့ အနိုင်ရခဲ့တာပါ။
အဲဒီအပြင် စစ်တွေမြို့နယ်မှာ ကြံ့ဖွံ့ပါတီမှ ဦးစန်းငွေက ကြိုတင်မဲ ၈၁၆၂ မဲနဲ့ ခိုင်လုံမဲ ၂၄၁၄ဝ မဲ၊ AFP ပါတီမှ ဦးသာအေးက ကြိုတင်မဲ ၅ဝ၆ မဲနဲ့ ခိုင်လုံမဲ ၇၁၁၈ မဲ၊ RNP ပါတီမှ ဒေါ်သန်းသန်းအေး (ခ) ဒေါ်သက်နှင်းနွယ်က ကြိုတင်မဲ ၁၇ဝ မဲနဲ့ ခိုင်လုံမဲ ၄၅၁၄ မဲဖြစ်ပါတယ်။
နောက်ပြီး ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးကျော်ဆန်းဦးက ကြိုတင်မဲ ၃၉ မဲနဲ့ ခိုင်လုံမဲ ၂၂၈၉ မဲ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီမှ ဒေါ်ခင်မော်လီဇော်က ကြိုတင်မဲ ၄၄ မဲနဲ့ ခိုင်လုံမဲ ၁၂၆၈ မဲ၊ မြိုတိုင်းရင်းသားဖွံ့ ဖြိုးရေးပါတီမှ ဦးဝင်းလှိုင်က ကြိုတင်မဲ ၂၃ မဲနဲ့ ခိုင်လုံမဲ ၅၅၅ မဲတို့ ရခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအထဲက ကြံ့ဖွံ့ပါတီမှ ဦးစန်းငွေက ခိုင်လုံမဲရာနှုန်း ၆ဝ ဒသမ ၅၃ ရာနှုန်းနဲ့ အနိုင်ရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် မာန်အောင်မြို့နယ်မှာ RNP ပါတီမှ ဦးကျော်သန်းက ကြိုတင်မဲ ၇၃၇ မဲနဲ့ ခိုင်လုံမဲ ၁၂ဝ၈၁ မဲ၊ AFP ပါတီမှ ဒေါ်မြခွာညိုက ကြိုတင်မဲ ၆၈ဝ မဲနဲ့ ၁၁ဝ၈၅ မဲ၊ ကြံ့ဖွံ့ပါတီမှ ဦးမောင်ကြည်က ကြိုတင်မဲ ၁၂ဝ၅ မဲနဲ့ ခိုင်လုံမဲ ၉၅၈၉ မဲ ရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီထဲက RNP ပါတီမှ ဦးကျော်သန်းက ခိုင်လုံမဲရာနှုန်း ၃၆ ဒသမ ၈၈ ရာ နှုန်းနဲ့ အနိုင်ရခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ ကျောထောက်နောက်ခံပါတီဖြစ်တဲ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP) ဟာ စစ်တွေနဲ့ ကျောက်ဖြူမှာအနိုင်ရခဲ့ပြီး မာန်အောင်မှာ ရခိုင်တိုင်းရင်းသားများပါတီ (RNP) မှ အနိုင်ရခဲ့ပေမယ့် ဒေါက်တာအေးမောင်ရဲ့ AFP ပါတီဟာ ရွေးကောက်ပွဲအပိုင်း ၁ ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက် သုံးမြို့ နယ်စလုံးမှာ ရှုံးနိမ့်ခဲ့ပါတယ်။






