Border News Agency
ကရင်၊ ဇန်နဝါရီ ၅။
ကော်သူးလေးလွတ်လပ်ရေးနေ့မှာ သူတို့ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းဆယ့်ငါးဦး ပြန်လွှတ်ပေးလိုက်ပါတယ်။
အဲဒီစစ်သုံ့ပန်းတွေကို ဇန်နဝါရီလ ၅ ရက်၊ ဒီနေ့မှာကျရောက်တဲ့ ၇၈ နှစ်မြောက် ကရင်အမျိုးသားလွတ်လွပ်ရေးနေ့မှာ ပြန်လွှတ်ပေးခဲ့တာပါ။
အဲဒီဖမ်းဆီးရမိထားတဲ့ တပ်ကြပ်ကြီး သန်းချေ အပါအဝင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ဆယ့်ငါးဦးဘေးကင်းလုံခြုံစွာ ပြန်ပြီးလွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ကော်သူးလေးတပ်တော်၊ ပယိုးသူတပ်ရင်းဖြစ်တဲ့ ရွှေအေးမြိုင်ကားကင်းစခန်းမှ တပ်ကြပ်ကြီး သန်းချေ အပါအဝင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ့်ငါးဦးကို လက်နက်တွေနဲ့အတူ ပြီးခဲ့တဲ့နှစ် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဖမ်းဆီးထိန်းသိမ်းခံရတဲ့ စစ်သုံ့ပန်းတွေကို ကျန်းမာရေး၊ စားရေးသောက်ရေးအဆင်ပြေစေဖို့ လူသားဆန်စွာစောင့်ရှောက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ကော်သူးလေးတပ်တော်နဲ့ တော်လှန်တပ်ဖွဲ့ဝင်တွေဟာ နိုင်ငံတကာစစ်ဖက်ဆိုင်ရာကျင့်ဝတ်တွေနဲ့ ဂျီနီဗာကွန်ဗေးရှင်း (Geneva Convention)၊ စစ်သုံ့ပန်းဆိုင်ရာဥပဒေတွေကို လေးစာလိုက်နာကာ စစ်သုံ့ပန်းတွေကို ကောင်းကောင်းမွန်မွန်စောင့်ရှောက်ခဲ့တယ်လို့ ဆိုပါတယ်။






