Border News Agency
စစ်တွေ၊ ဇန်နဝါရီ ၉။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ရေသယံဇာတထိန်းသိမ်းရေးစည်းကမ်းချက်တွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ထုတ်ပြန်ပါတယ်။
အာရက္ခဒေသက မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေမှာ ငါးနဲ့ရေသယံဇာတထိန်းသိမ်းရေးဆိုင်ရာ စည်းကမ်းချက်ငါးချက်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေရှိ လမ်းမတွေ၊ လက်ကြားလမ်းတွေ၊ လူသွားလူလာများတဲ့လမ်းတွေမှာ ငါးနဲ့ရေသယံဇာတထိန်းသိမ်းရေးဆိုင်ရာစည်းကမ်းချက်တွေကိုနဲ့ ဆိုင်းဘုတ်တွေကပ်ပြီး အသိပေးထားပါတယ်။
အဲဒီရှားပါးရေနေသတ္တဝါတွေဖြစ်တဲ့ ပင်လယ်လိပ်၊ ရေဝက်၊ ငါးမန်း၊ လင်းရှူး၊ လင်းပိုင်၊ ဝေလငါးတွေကို ဖမ်းဆီးသတ်ဖြတ် ရောင်းချတာတွေ မလုပ်ရဘူးလို့ဆိုပါတယ်။
အဲဒီအပြင်အဆိပ်ချငါးဖမ်းဆီးတာတွေ၊ ရှော့တိုက်ငါးဖမ်းဆီးတာတွေ၊ ပေါက်ကွဲစေတဲ့ပစ္စည်းတွေသုံးပြီး ငါးဖမ်းဆီးတာတွေ မလုပ်ရလို့လည်း ဆိုပါတယ်။
နောက်ပြီး တားမြစ်ကိရိယာ၊ ငါးဖမ်းနည်းတွေနဲ့ ငါးဖမ်းဆီးတာတွေ မပြုလုပ်ရဘူးလို့ ဆိုပါတယ်။
အဲဒီရေနေသတ္တဝါတွေမျိုးပွားရှင်သန်ကျက်စားတဲ့ ပြာတော၊ ပြားတောတွေရဲ့ ဂေဟစနစ်ကိုပျက်စီးနိုင်တဲ့ ခုတ်ထွင်ရှင်းလင်းတာတွေနဲ့ တားမြစ်ချက်တွေကိုကျူးလွန်နေတာတွေ့ပါက ငါးလုပ်ငန်းဥပဒေအတိုင်း ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။






