Border News Agency
တနင်္သာရီတိုင်း၊ ဇန်နဝါရီ ၁၁။
တနင်္သာရီတိုင်း၊ မြိုတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိတောင်သုံးလုံးရွာ မဗာတပ်စွဲထားတဲ့ပျူစောထီးစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ ဇန်နဝါရီလ ၁၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်၊ မြိုတ်ခရိုင် အမှတ် ၁ တပ်ရင်းနဲ့ ပုလောမြို့နယ် ပကဖ တို့ပူးပေါင်းပြီး ဇန်နဝါရီလ ၉ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တဦးသေဆုံးပြီး တခြားတပ်သားတွေ တပ်ဆုတ်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် G 3 ရိုင်ဖယ်တလက် နဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်ရမိခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ မဟာမိတ်တပ်တွေ ဆက်လက်တိုက်ခိုက်နိုင်ဖို့အတွက် ကူညီပံ့ပို့ပေးဖို့ တိုက်တွန်းထား ပါတယ်။






