Border News Agency
မောင်တော၊ ဇန်နဝါရီ ၁၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့အာရက္ခ-ဘင်္ဂလားနယ်စပ်မှာနယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုတွေကျူးလွန်နေကြတဲ့အကြမ်းဖက်သမားတွေကို အာရက္ခတပ်တော်ကတိုက်ခိုက်ရှင်းလင်းနေပါတယ်။
အဲဒီအကြမ်းဖက်နှိမ်နင်းရေးကြောင့်ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေသေဆုံးသူတွေများပြားတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက ဆိုကြပါတယ်။
အဲဒီလိုသေဆုံးဒဏ်ရာရသူတွေများတာမို့ အကြမ်းဖက်သမားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့အုပ်စုလိုက်ထွက်ပြေးနေကြပါတယ်။
အဲဒီအကြမ်းဖက်သမားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာခြေကုပ်ယူနေထိုင်ကြပြီးနယ်စပိဖြတ်ကျော်အကြမ်းဖက်မှုတွေကျူးလွန်နေကြတာဖြစ်ပါတယ်။
အဲဒီအကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရကဖမ်းဆီးအရေးယူတာတွေမပြုလုပ်ကြတာမို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဝေဖန်ပြောဆိုနေကြပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံအကြမ်းဖက်သမားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှနယ်စပ်ဖြတ်ကျော်ပြီးအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေငါးနေရာခန့်ကို တပြိုင်နက်တည်းဝင်ရောက်အကြမ်းဖက်မှုတွေကျူးလွန်ဖို့ကြိုးစားလာကြတာလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက ဆိုကြပါတယ်။
အဲဒီလိုနယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုတွေကျူးလွန်လာကြတာဟာ မနက်ဖြန်စတင်မယ့်အပြည်ပြည်ဆိုင်ရာတရားရုံ(ICJ)ကြားနာမှုအတွက် အချိန်ကိုင်လှုပ်ရှားလာကြတာဖြစ်ပြီးနောက်ကွယ်ကအမိန့်ပေးစေခိုင်းနေကြသူတွေရှိနေကြတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက ဆိုကြပါတယ်။
အဲဒါကြောင့်ရိုဟင်ဂျာအမည်ခံလက်နကိကိုင်အကြမ်းဖက်သမားအားလုံးကို ဘင်္ဂလားဒေ့ရှ်အစိုးရကဖမ်းဆီးအရေးယူပြီးအကြမ်းဖက်နှိမ်နင်းရေးတွေအရေးပေါ်ဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ တောင်းဆိုနေကြပါတယ်။






