Border News Agency
မြိတ်၊ ဇန်နဝါရီ ၁၄။
ကေအဲန်ယူ – မြိတ်ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်ရုံးကို ဇန်နဝါရီ ၁၀ ရက်၊ ညနေ ၁ နာရီ ၄၀ မိနစ်အချိန်မှာ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် နှစ်နှစ်အရွယ်ကလေးငယ်တဦး သေဆုံးခဲ့ရပြီး အမျိုးသမီးရှစ်ဦးနဲ့ အမျိုးသားတဦး စုစုပေါင်းကိုးဦး ဒဏ်ရာ ရသွားခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာဟာ သူတို့လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေနဲ့ အတုယောင်ရွေးကောက်ပွဲလုပ်လို့မရတဲ့ ဒေသတွေကိုပစ်မှတ်ထားပြီးတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာပါ။
ပြည်သူလူထုအတွင်း အကြောက်တရားဖြစ်ပေါ်စေဖို့အတွက် လေကြောင်း၊ ဒရုန်းနဲ့တိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတယ်လို့ ကေအဲန်ယူကဆိုပါတယ်။













