Border News Agency
မန်တုံ၊ ဇန်နဝါရီ ၁၄။
၆၃ နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို တအာင်းပြည်၊ မန်တုံမြို့မှာ ဇန်နဝါရီလ ၁၂ ရက်နေ့က ပြည်သူလူထုသောင်းနဲ့ချီပြီး စည်ကားခမ်းနားစွာကျင်းပခဲ့ကြတဲ့ မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။
အဲဒီအခမ်းအနားမှာ PSLF / TNLA တပ်ဖွဲ့ဝင်တွေရဲ့ ညီညာထက်မြက်တဲ့စစ်ရေးပြကွက်တွေနဲ့အတူ တအာင်းအမျိုးသားတွေရဲ့ စည်းလုံးမှုကိုဖော်ဆောင်တဲ့ အင်အားပြကွက်တွေကို မြင်တွေ့ခဲ့ရတာပါ။
အဲဒီအပြင် ဒေသခံပြည်သူတွေကလည်း ရိုးရာဝတ်စုံတွေနဲ့အတူ ပျော်ပျော်ပါးပါးတက်ရောက်ခဲ့ကြပြီး တအာင်းတော်လှန်ရေးအပေါ် လူထုရဲ့ ထောက်ခံအားပေးမှုကို အထင်အရှားပြသခဲ့ကြပါတယ်။
တအာင်းတမျိုးသားလုံးရဲ့ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် မန်တုံမြို့မှာအောင်မြင်စွာကျင်းပပြီးစီးခဲ့တဲ့ တော်လှန်ရေးနေ့ရဲ့အမှတ်တရ မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။


























