Border News Agency
ပလက်ဝ၊ ဇန်နဝါရီ ၁၆။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပလက်ဝခရိုင်ထဲမှ မွေးကင်းစကလေးတွေနဲ့ ငါးနှစ်အောက်ကလေးငယ်လေးတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အာရက္ခကျန်းမာရေးဌာနက ကာကွယ်ဆေးတွေကိုအခမဲ့ လိုက်လံထိုးပေးနေပါတယ်။
အဲဒီကာကွယ်ဆေးတွေကိုဇန်နဝါရီလ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ သုံးရက်ကြာ ထိုးပေးသွားမှာဖြစ်ပါတယ်။
အဲဒီကာကွယ်ဆေးထိုးပေးတာဟာ တတိယအကြိမ်မြောက်ဖြစ်ပြီး တပ်ဘက်ရောအရပ်ဘက်ကပါ ကလေးငယ်တွေအားလုံးကို ထိုးပေးသွားမယ်လို့ ဆိုပါတယ်။
အဲဒီထဲ ကလေးအသက်အရွယ်အလိုက် ဆေးအမျိုးအစားခွဲပေးထားတာဖြစ်ပြီး နှစ်လသားမှသုံးနှစ်အောက် ကလေးငယ်လေးတွေကိုတော့ ကာလဝမ်းရောဂါကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေးနေတာပါ။
အဲဒီအပြင် သုံးနှစ်ကနေငါးနှစ်အောက် ကလေးငယ်တွေကိုတော့ မေးခိုင်၊ ဆုံဆို့နဲ့ ကြက်ညှာ (DPT) ကာကွယ်ဆေးတွေကို အခမဲ့ထိုးပေးနေတာ ဖြစ်ပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ ကလေးငယ်တွေရောဂါကင်းဝေးပြီး ကျန်းမာသန်စွမ်းစေဖို့ အခုလိုအကြိမ်ကြိမ် ကွင်းဆင်းဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။










