Border News Agency
နယ်သာလန်၊ ဇန်နဝါရီ ၁၆။
နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့မှာရှိတဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ ရင်ဆိုင်နေရတဲ့အမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ကဇန်နဝါရီလ ၁၆ ရက်၊ ဒီနေ့မှာ စတင်လျှောက်လဲနေပြီ ဖြစ်ပါတယ်။
ဒီနေ့ပြုလုပ်တဲ့တရားခွင်မှာ မြန်မာဘက်ကတရားဥပဒေကြောင်းအရ ခုခံချေပချက်တွေကို စတင်တင်ပြခဲ့တာပါ။
ဒီလျှောက်လဲချက်တွေဟာ အမှုရဲ့ အလှည့်အပြောင်းအတွက် အတော်လေးအရေးပါလာနိုင်တယ်လို့ ဥပဒေကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း အချက်အလက်တွေကို တင်ပြပြီး ခုခံလျှောက်လဲနေတာဖြစ်ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကလည်း ဒီနေ့လျှောက်လဲချက်တွေထဲမှာ ဘာတွေပါမလဲဆိုတာကို အထူးအလေးထားပြီး စောင့်ကြည့်နေကြပါတယ်။
လက်ရှိမှာတော့ မြန်မာဘက်ကဘယ်အချက်တွေကို အဓိကထားလျှောက်လဲနေသလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုသိနိုင်ဖို့ ဆက်ပြီးကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။
ဒီ ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာဆက်ဆံရေးနဲ့ ရှေ့ဆက်မယ့်လုပ်ငန်းစဉ်တွေအပေါ်မှာ အများကြီးသက်ရောက်မှု ရှိလာနိုင်တယ်လို့ သိရပါတယ်။






