Border News Agency
ပြင်ဦးလွင်၊ ဇန်နဝါရီ ၂၂။
ပြင်ဦးလွင်မြို့၊ ရတနာလမ်းထောင့်ရှိ စာပန်းအိမ်ကိုယ်ပိုင်ကျောင်းရဲ့ အမျိုးသားအဆောင်ဟာ ဇန်နဝါရီလ ၂၂ ရက်၊ ဒီနေ့ နေ့လည်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
အဲဒီမီးလောင်မှုမှာ လူထိခိုက်တာတွေမရှိခဲ့သလို နေ့လည် ၂ နာရီအချိန်ခန့်မှာ မီးငြိမ်သတ်နိုင်ခဲ့ပါတယ်။












