Border News Agency
ရန်ကုန်၊ ဇန်နဝါရီ ၂၄။
စစ်ကော်မရှင်တပ်ရဲ့ လာမယ့်ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကျင်းပမယ့်ရွေးကောက်ပွဲ အပိုင်း ၃ ကိုလေ့လာဖို့ နိုင်ငံတကာရွေး
ကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေဟာ ဇန်နဝါရီလ ၁၉ ရက်ကနေ ၂၃ ရက်အတွင်း ရန်ကုန်မြို့ကိုလေကြောင်းခရီးနဲ့ ရောက်ရှိလာကြပါတယ်။
အဲဒီလေ့လာရေးအဖွဲ့တွေထဲမှာ အိန္ဒိယ၊ ဘယ်လာရုစ်၊ အင်ဒိုနီးရှားနဲ့ နီပေါနိုင်ငံတို့က ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ ပါဝင်ပါတယ်။
အဲဒီအပြင် ကမ္ဘောဒီးယား၊ နီကာရာဂွါနိုင်ငံတွေနဲ့အတူ အာရှနိုင်ငံရေးပါတီတွေ အပြည်ပြည်ဆိုင်ရာညီလာခံ (ICAPP) မှ ဒုတိယဥက္ကဋ္ဌဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေလည်း ရောက်နေပါတယ်။
ခုရောက်ရှိလာတဲ့ နိုင်ငံတကာစောင့်ကြည့်လေ့လာသူတွေဟာ မနက်ဖြန်ကျင်းပမယ့် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ကွင်းဆင်းလေ့လာမှာဖြစ်ပါတယ်။
စစ်ကော်မရှင်ဘက်ကတော့ ဒီရွေးကောက်ပွဲကို နိုင်ငံတကာကအသိအမှတ်ပြုဖို့ ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။
စစ်ကော်မရှင်က ရွေးကောက်ပွဲအပိုင်း ၃ ကိုကျင်းပဖို့ပြင်ဆင်နေပေမယ့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကတော့ ဒီရွေးကောက်ပွဲဟာ တရားမျှတမှုမရှိတဲ့ “အတုအယောင်” သာဖြစ်တယ်လို့ ဝေဖန်ကန့်ကွက်မှုတွေ ရှိနေပါတယ်။











