Border News Agency
ဆိုးလ်၊ ဇန်နဝါရီ ၂၇ ။
ကိုရီးယားသမ္မတရုံးရှေ့မှာ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းနဲ့ မြန်မာ့ဒီမိုကရေစီအရေးကူညီပေးဖို့ နိုင်ငံတကာရောက်မြန်မာတွေနဲ့ ကိုရီးယားအရပ်ဘက်အဖွဲ့တွေ စုပေါင်းတောင်းဆိုနေကြတာ ဖြစ်ပါတယ်။
အဲဒီပွဲမှာ ကိုရီးယားအရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်တွေက စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကိုလက်မခံဖို့နဲ့ မြန်မာ့ဒီမိုကရေစီရေးအတွက် ကိုရီးယားအစိုးရက လက်တွေ့ကျကျကူညီပေးဖို့ ဇန်နဝါရီလ ၂၇ ရက်၊ ဒီနေ့မှာတိုက်တွန်းခဲ့ကြပါတယ်။
အဲဒီအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပိုပြီးထိတွေ့ဆက်ဆံဖို့အပါအဝင် လူသားချင်းစာနာမှု အကူအညီတွေပေးဖို့အတွက်လည်း တောင်းဆိုချက်တွေကို သမ္မတရုံးဆီပေးပို့ခဲ့ကြတာပါ။
ဒီနေ့လှုပ်ရှားမှုကိုတော့ ကိုရီးယားမှာရှိတဲ့ မြန်မာတော်လှန်ရေးအဖွဲ့လေးဆယ်စုပေါင်းထားတဲ့ “အကြမ်းဖက်စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှုကော်မတီ” က ဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။










