Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး မောင်တောခရိုင် မောင်တောမြို့နယ် သတင်း အာရက္ခဒေသ

မောင်တောမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter
မောင်တောမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ
Border News Agency
မောင်တော၊နိုဝင်ဘာ ၃ ။
မောင်တောမြို့အဝင်၊မြို့သူကြီးကျေးရွာဟောင်းမှာတည်ရှိပြီး မောင်တောနယ်မြေခံစစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်ဖြစ်တဲ့အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ရင်းကို နိုဝင်ဘာလ ၃ ရက်၊ဒီနေ့လည်း အာရက္ခတပ်တော်(AA)က ထပ်မံထိုးစစ်ဆင်တိုက်ခိုက်နေတာမို့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့နယ်တိုက်ပွဲမှာစစ်ကောင်စီတပ်က တိုက်ပွဲဧရိယာအနီးအနားလေးမိုင်ပတ်လည်ထိ လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်နေသလို အဲဒီမောင်တောနယ်မြေခံစစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်ဖြစ်တဲ့အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ရင်းထဲထိ နိုဝင်ဘာလ ၃ ရ က်၊ဒီနေ့၊စစ်ကောင်စီတပ်က လေကြော င်းက ဗုံးကြဲတိုက်ခိုက်တာမို့ ခြံဝင်အတွင်းကျရောက်ပေါက်ကွဲခဲ့တယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီပစ်ခတ်လို့ တပ်ရင်းခြံစည်ရိုးတွေ၊မိုင်းကွင်းတွေ၊ဘန်ကာတွေ၊စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ထိခိုက်သေဆုံးနေကြတာမို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွ က်ပြေးမယ့်သူတွေများနေကြသလို မကြာခင်စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်သတ်ဖြတ်မှုတွေဖြစ်ပြီး တပ်စခန်းလည်းအလံဖြူထောင်လက်လွှတ်ဆုံးရှုံးသွားနိုင်တယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီအမှတ် ၅ နယ်ခြားစောင့်ရဲတပ်ရင်းကို အပြီးသတ်သိမ်းပိုက်ရယူရေးအတွ က်ထိုးစစ်တွေဆက်လက်အရှိန်မြှင့်သွားမယ်လို့ အာရက္ခတပ်တော်(AA)က စက်တင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်ပြီး ထိုးစစ်ဆင်တိုက်လိုက်ခဲ့ပေမယ့် ထိုးစစ်ဆင်တိုက်ခိုက်တာတွေပြုလုပ်သလို ထိုးစစ်ရပ်ပြီးအချိန်ယူပြင်ဆင်တာတွေလည်း ပြုလုပ်ခဲ့တယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီတပ်ရင်းကို အာရက္ခတပ်တော်(AA)က လက်နက်ကြီးပစ်ကူတွေအသုံးပြုပြီး အင်အားအများအပြားနဲ့ မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်နေသလို စစ်ကောင်စီတပ်ကလည်း ကြေးရေလေပူးပေါင်းပစ်ခတ်မှုတွေ အပြင်းထန်းဆုံးပြုလုပ်ခုခံနေတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအပြီးသတ်တိုက်ပွဲမှာ အာရက္ခတပ်တော်(AA)က စစ်ကောင်စီတပ်ရင်းကာ ကင်းဘန်ကာနားတွေထိ ထိုးဖောက်ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်ကလည်း အပြင်းထန်ဆုံးခုခံတိုက်ခိုက်ခဲ့တာမို့ နှစ်ဘက်သေဆုံးဒဏ်ရာရတာတွေရှိနေကြတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီစစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်မကျစေဖို့အတွက် စစ်ကောင်စီတပ်က စားနပ်ရိက္ခါလက်နက်တွေကို လေကြောင်းကဖြည့်တင်းပေးနေသလို ကြေးရေလေပူးပေါင်းပစ်ခတ်ခုခံနေပြီး အာရက္ခတပ်တော်ကလည်း အင်အားအများအပြားအသုံးပြုပြီး အပြီးသတ်သိမ်းပိုက်ဖို့ လက်နက်ကြီးပစ်ကူပေးကာအနီးကပ်ဝင်ရောက်တိုက်ခိုက်နေတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
”စစ်တပ်က ဒရုန်းတွေ၊လေယာဥ်တွေတအားသုံးလာပါတယ်။ဒရုန်းသံ၊လေယာဥ်သံတွေကို ဂရုစိုက်နေရပါတယ်။ နေဗီကပစ်တာတွေလည်းရှိပါတယ်။လေယာဥ်လာပစ်မှာကိုစိုးရိမ်နေရပါတယ်။”လို့ မောင်တောမြို့နယ်၊ဥဒေါင်းကျေး ရွာမှစစ်ဘေးရှောင်တစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီတိုက်ပွဲဖြစ်ပွားရာနေရာအနီးပတ်ဝန်းကျင်းလေးမိုင်ပတ်လည်အပြင်တ ခြားနေရာတွေကိုလည်း လေကြောင်းတိုက်ခိုက်တာတွေ၊ရေတပ်စစ်သင်္ဘောတွေကလက်နက်ကြီးပစ်ခတ်တာတွေပြုလုပ်နေတာမို့ လူနေကျေးရွာတွေ၊စာသင်ကျောင်းတွေ၊ဘုန်းကြီးကျောင်းတွေမှာ ကျရောက်ပေါက်ကွဲပြီး အရပ် သားပြည်သူတွေ ဒဏ်ရာရတာတွေလည်း ရှိနေကြတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီနယ်မြေခံစစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်ဟာ စစ်ကောင်စီတပ်အတွက် မောင်တောခရိုင်မှာ နောက်ဆုံးလက်ကျန်နေရာဖြစ်ပြီး အဲဒီနေရာဟာ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဖြစ်သလို မောင်တောခရိုင်မှာ အခိုင်မာဆုံး၊အင်အားအများဆုံးမဆုတ်တမ်းခံတပ်လည်းဖြစ်တယ်လို့ စစ်ကောင်စီတပ်အသို င်းအဝိုင်းက ဆိုကြပါတ ယ်။
အဲဒီမှာဘူးသီးတောင်အခြေစိုက်၊အခြေချစစ်ဗျူဟာမှဗျူဟာမှူးအပါအဝင်တပ် ဖွဲ့ဝင်တချို့လည်းလာရောက်ပူးပေါင်းခုခံနေကြသလို မိတ္ထီလာမြို့အခြေစိုက်အမှတ် ၁ တပ်မတော်ဆေးရုံနေ အဘဦးထွန်းကြည်ရဲ့သား၊အသက် ၅၃ နှစ်အ ရွယ်နယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းက ဦးဆောင်ကွ ပ်ကွဲခုခံနေတာလို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီအပြင်မောင်တောခရိုင်ရှိစစ်ကောင်စီတပ်ရင်း၊တပ်စခန်းတွေကဆုတ်ခွာထွက်ပြေးလာခဲ့ကြတဲ့ စစ်ကောင်စီတပ်လက်နက်ကိုင်အားလုံးပူးပေါင်းခုခံနေကြသလို စစ်ကောင်စီတပ်အရာရှိကြီးတွေက လက်နက်ချအညံ့ခံသူတွေ၊ထွက် ပြေးကြသူတွေကို ပစ်မိန့်ပေးထားတာမို့အသေခံတိုက်ခိုက်နေကြတာလို့ စစ်ကောင်စီတပ်မိသားစုဝင်တွေက ဆိုကြပါတယ်။
”နယ်ခြားစောင့်ရဲတွေဆီကဖုန်းတွေအကုန်လုံးသိမ်းထားပါတယ်။မိသားစုနဲ့တောင်အဆက်အသွယ်မလုပ်ရပါဘူး။ထမင်းတောင်ဝအောင်မစားရပါဘူး။ဒ ဏ်ရာရရင်လည်းဆေးမကုရပါဘူး။စစ်သားတွေကို နယ်ခြားစောင့်ရဲတွေကို အနိုင်ကျင့်နေကြတာပါ။”လို့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်မိသားစုဝင်တစ်ဦးက Border News Agency သို့ပြောပါ တယ်။
အဲဒီတပ်ရင်းမှာ ကရင်ပြည်၊ဘားအံမြို့အခြေစိုက်၊အမှတ် ၂၂ ခြေမြန်တပ်မဌာနချုပ်မှတပ်ဖွဲ့ဝင်တွေ၊ဘူးသီးတောင်မြို့အခြေစိုက်၊အမှတ်၂၅၃ခြေလျပ်တပ်ရင်းမှတပ်ဖွဲ့ဝင်တွေ၊နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ၊စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက်ကိုင်အင်းအားစုစုပေါင်းတစ်ထောင်ကျော်ထိရှိနေတယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီတပ်ရင်းထဲမှာ စစ်ကောင်စီတပ်ရဲ့စစ်ဆရာဝန်တွေအပါအဝင်ဆေးတပ်ဖွဲ့ဝ င်တွေလည်းရှိနေကြပေမယ့် ဆေးဝါးမလုံလောက်တာမို့ စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သားတွေကိုသာဦးစားပေးကုသပေးနေကြလို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရသူတွေများနေကြတယ်လို့လည်း စစ်ကောင်စီတပ်အသိုင်းအ ဝိုင်းက ဆိုကြပါတယ်။
အဲဒီနယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်ကို ခြံစည်ရိုးသုံးထပ်ထိအခိုင် အမာကာရံထားပြီး ခြံစည်ရိုးအပြင်ဖ က်မိတာသုံးရာပတ်ပတ်လည်းကိုမြေမြုပ်မို င်း တွေ အပြည့်ထောင်ထားသလို ခြံစည်ရိုးတွေကြားမှာ ငါးပေကျာ် တူးမြောင်းပစ်ကျင်းတွေကို ကျောက်သားအမာတွေနဲ့အခိုင်အမာတည်ဆောက်ထားတဲ့ မဆုတ်တမ်းခံစစ်ဌာနချုပ်လည်းဖြစ်ပါတယ်။
အဲဒီအပြင် အဲဒီဌာနချုပ်ပတ်ပတ်လည်မှာ မောင်တောခရိုင်တရားရုံး၊မြို့အဝင် တံတားစစ်ဆေးရေးဂိတ်၊မြို့မကညင်တန်းဝန်ထမ်းအိပ်ရာလို အခိုင်အမာကာကင်းတွေအများအပြားတည်ရှိနေသလို တပ်ရင်းဝင်ပေါက်အနောက်ဘက်၊တပ် ရင်းအဆောက်အအုံဟောင်းမှာ သေချာအမိန့်ပေးကွပ်ကွဲနိုင်တဲ့မြေအောက်ခန်းရှိပြီး နယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းဟာ အဲဒီနေရာမှအမိန့်ပေးကွပ်ကွဲနေတာဖြစ်ပါတယ်။
အဲဒီလိုအခိုင်အမာတည်ဆောက်ထားပြီး အင်အားအများအပြားနဲ့မဆုတ်တမ်းခုံခံနေကြသလို လေကြောင်းပစ်ကူတွေကို အပြင်းထန်ဆုံးပြုလုပ်ပေးနေပြီး ဘာမှအကာအကွယ်မရှိတဲ့လယ်ကွင်းပြင်ကြီးမို့ အာရက္ခတပ်တော်(AA)က အနီး ကပ်ထိုးစစ်ဆင်တိုက်ခိုက်ဖို့ခက်ခဲနေသလို တပ်ရင်းထဲသို့ဝင်ရောက်သိမ်းပိုက်ဖို့ခက်ခဲနေတာမို့ တိုက်ပွဲတွေ ပြင်းထန်နေကာအချိန်ပိုကြာနေတာလို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီတပ်ရင်းရဲ့ရှေ့ကာကင်းကြီးတွေဖြစ်တဲ့ မောင်တောခရိုင်တရားရုံးကြီးအပါ အဝင် အနီးအနားရှိ ဌာနဆိုင်ရာ ရုံးတွေကို အာရက္ခတပ်တော်(AA)က တိုက်ခို က်သိမ်းပိုက်ထားပေမယ့် စစ်ကောင်စီတပ်က လေကြောင်းတိုက် ခိုက်မှုတွေပြုလုပ်နေတာမို့ အခြေပြုလှုပ်ရှားတိုက်ခိုက်မှုတွေပြုလုပ်ဖို့အတွက် အပြည့်အဝအထောက်အကူမပြုလို့ တိုက်ပွဲပိုကြာနေတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
”တပ်ခြံစည်ရိုးထဲထိတပ်တော်ကဝင်သိမ်းနိုင်ခဲ့ပါတယ်။လေကြောင်းပစ်ကူကိုမခံနိုင်လို့ပြန်ဆုတ်လာကြရပါတယ်။နှစ်ဘက်အကျအဆုံးရှိပါတယ်။အနီးအနားကရုံးတွေရော့၊သုံးမိုင်၊လေးမိုင်းကရုံးတွေပါ လေယာဥ်နဲ့ လာပစ်လို့ ကုန်ပါပြီ။” လို့ မောင်တောမြို့နယ်မှစစ်ဘေးရှောင်တစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီတပ်ရင်းအနီးမှာမောင်တောခရိုင်တရားရုံး၊အပြင် မောင်တောခရိုင်ဓာတ် အားခွဲရုံး၊မောင်တောခရိုင်လူမှုဝန် ထမ်းအိပ်ရာ၊မောင်တောခရိုင်ပြည်သူ့ကျန်း မာရေးဦးစီးဌာနရုံး၊မောင်တောခရိုင်ငါးလုပ်ငန်းရုံးတွေအပြင် မောင်တောခရိုင်ဥပဒေရုံးတွေလည်း တည်ရှိပါတယ်။
အဲဒီအမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲကို မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့မြို့သူကြီးမွတ်ဆလင်ကျေးရွာဟောင်းနေရာ၊မောင်တော -ဘူးသီးတောင်ကားလမ်းဘေး၊မောင်တောမြို့အဝင်တံတားနဲ့မတာနှစ်ရာခန့်အကွာမှာ ၂၀၁၇ ဖြစ်စဥ် နောက် ပိုင်း၊မြေဧကအများအပြားပေါ်မှာ ရဟတ်ယာဥ်ကွင်းတွေအပါအဝင်အခိုင်မာဆုံးတည်ဆောက်ထားတာဖြစ်ပါတယ်။
အဲဒီနယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် မောင်တော၊ဘူးသီးတောင်၊ရ သေ့တောင် မြို့နယ်တွေရှိ နယ်ခြားစောင့်စခန်း၊တပ်ရင်းအားလုံးကို ချုပ်ကိုင်အမိန့်ပေးစေခိုင်းနေခဲ့တဲ့နေရာဖြစ်သလို ဘူးသီးတောင်အခြေစိုက်၊အ မှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊မောင်တောမြို့နယ်၊ကျီးကန်းပြင်ကျေးရွာအခြေ စိုက်၊အမှတ် ၁ နယ်ခြားစောင့်ကွပ်ကဲမှုဌာနချုပ်တွေထက် အင်အားပိုများပြီး ပိုမိုအရေးပါအဓိကကျတဲ့နေရာဖြစ်တယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒါကြောင့် ဘူးသီးတောင်အခြေစိုက်၊အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချု ပ်မှ စစ်ကောင်စီလက်နက်ကိုင်အင်းအားရာနဲ့ချီအလံဖြူထောင်လက်နက်ချအ ညံ့ခံခဲ့ကြသလိုမောင်တောမြို့နယ်၊ကျီးကန်းပြင်ကျေးရွာအခြေစိုက်၊အမှတ် ၁ နယ်ခြားစောင့်ကွပ်ကဲမှုဌာနချုပ်ကိုလည်း အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် နယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်ဖြစ်တဲ့ မြို့သူ ကြီးတပ်ရင်းကို အာရက္ခတပ်တော်(AA)က ခက်ခက်ခဲခဲထိုးစစ်ဆင်တိုက်ခိုက်နေရတာလို့ ဆိုကြပါတယ်။
အဲဒီအမှတ် ၅ နယ်ခြားစောင့်ရဲတပ်ရင်းထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(ARSA)၊ရိုဟင်ဂျာစည်းလုံးညီညွတ် ရေးအဖွဲ့(RSO)၊အာရကန်ရိုဟင်ဂျာတပ်မတော်(ARA)၊စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက်ကိုင်အကြမ်းဖက်သမားတွေ ပူးပေါင်းခုခံနေကြသလို စစ်ကောင်စီတပ်က မတရားဖမ်းဆီးထားတဲ့ပြည်သူတွေလည်းရှိနေကြတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီမောင်တောနယ်မြေခံစစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်ကို အာရက္ခတပ်တော်က အပြီးသတ်မသိမ်းနိုင်သေးတာမို့ ဒေသခံအရပ်သားပြည်သူတွေ လေကြော င်းရန်ကို စိုးရိမ်နေကြရသလို ကျေးရွာအပြင်ဖက်သို့သွားလာခွင့်တွေထိ တား မြစ်ကန့်သတ်ခံထားကြရပြီး အရပ်သားပြည်သူတွေ စားဝတ်နေရေး၊ကျန်းမာ ရေးအခက်အခဲတွေနဲ့ကြုံတွေ့ နေကြရတယ်လို့လည်း ဆိုကြပါတယ်။
အဲဒီမောင်တောနယ်မြေခံစစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်ကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ပြီးရင် အာရက္ခ-ဘင်္ဂလား-အိန္ဒိယနယ်စပ်အားလုံးကို အာရက္ခတပ်တော်က ထိန်းချုပ်နိုင်ပြီဖြစ်သလို ကညင်ချောင်းစီးပွား ရေးဇုန်အပါအဝင် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးကိုလည်း အပြီးသတ်ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။
အဲဒီအာရက္ခ-ဘင်္ဂလာနယ်စပ်မှာ နယ်စပ်ကုန်သွယ်ရေးအတွက် ရေလမ်း၊ကုန်း လမ်းနှစ်ခုရှိပေမယ့် အရင်အစိုးရ အဆက်ဆက်က ရေလမ်းကိုသာအပြုပြီး ကု န်သွယ်ခဲ့ကြတာမို့ အချိန့်ကြန့်ကြာတာတွေ၊ဒီရေစောင့်ရတာတွေရှိခဲ့တာမို့ ရေ လမ်း၊ကုန်းလမ်း နှစ်ခုစလုံးကို အသုံးပြုကုန်သွယ်သင့်တယ်လို့ နယ်စပ်ကုန်သွ ယ်ကြီးတွေနဲ့မောင်တော ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီနယ်စပ်ကုန်သွယ်ရေးကို မောင်တောနယ်မြေခံစစ်ဆင်ရေးကွပ်ကွဲမှုဌာနချု ပ်ဖြစ်တဲ့ အမှတ် ၅ နယ်ခြားစောင့် ရဲတပ်ရင်းရှေ့ကားလမ်းမကြီးပေါ်မှဖြတ်သ န်းသွားလာကြရပြီး ကညင်ချောင်းစီးပွားရေးဇုန်ဆိပ်ကမ်းမှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊တက္ကနာက်ဖ်ဆိပ်ကမ်းသို့ ရေလမ်းကြောင်းနဲ့ပို့ဆောင်သယ်ယူကြတာဖြစ်ပါတယ်။
အဲဒါကြောင့် မောင်တောမြို့အဝင်၊မြို့သူကြီးအခြေစိုက်အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ရင်းဖြစ်တဲ့ မောင်တောနယ်မြေခံစစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်ဟာ မောင်တောခရိုင်ကိုအပြီးသတ်ထိန်းချုပ်ရေးအတွက်သာမကဘဲ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးကို အပြီးသတ်ထိန်းချုပ်ဆောင်ရွက်ရေးအတွက်လည်းအရေးပါသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့သံတမန်ဆက်ဆံရေးအတွက်လည်း အရေးပါတယ်လို့ ဆိုကြပါတယ်။
(ဓာတ်ပုံ-မောင်တောမြို့အဝင်၊မြို့သူကြီးအခြေစိုက်၊အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ရင်းရှေ့/BNA)
PrevPreviousအာရက္ခဒေသတခုလုံးကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်မယ့် အာရက္ခတပ်တော်(AA)ရဲ့အာရက္ခအဆုံးအဖြတ်စစ်ပွဲဟာ လာမယ့်နှစ်ထိ ဆက်သွားနိုင်
Nextတောင်ကုတ်မြို့နယ်ကိုသိမ်းပိုက်ဖို့ အာရက္ခတပ်တော် ထိုးစစ်ဆင်တိုက်ခိုက်နေNext
Previous Post

အာရက္ခဒေသတခုလုံးကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်မယ့် အာရက္ခတပ်တော်(AA)ရဲ့အာရက္ခအဆုံးအဖြတ်စစ်ပွဲဟာ လာမယ့်နှစ်ထိ ဆက်သွားနိုင်

Next Post

တောင်ကုတ်မြို့နယ်ကိုသိမ်းပိုက်ဖို့ အာရက္ခတပ်တော် ထိုးစစ်ဆင်တိုက်ခိုက်နေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Photo - SMART Soldiers Strong ARMY

​ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှုပြီးဆုံး

March 7, 2026
Photo - NUG

PDF လေ့ကျင့်ရေးနည်းပြတွေစွမ်းရည်မြှင့်သင်တန်း NUG ကာကွယ်ရေးဝန်ကြီးဌာန ဖွင့်လှစ်

March 7, 2026
​Photo-GEM

မောင်တောမှာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ဖို့နှိုးဆော်

March 6, 2026
Photo - TNLA

ပြည်သူတွေ ကမျဉ်းနီကောင်အကိုက်မခံရအောင်နေဖို့ တအာင်းကျန်းမာရေးဌာန သတိပေး

March 6, 2026

​ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှုပြီးဆုံး

PDF လေ့ကျင့်ရေးနည်းပြတွေစွမ်းရည်မြှင့်သင်တန်း NUG ကာကွယ်ရေးဝန်ကြီးဌာန ဖွင့်လှစ်

မောင်တောမှာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ဖို့နှိုးဆော်

ပြည်သူတွေ ကမျဉ်းနီကောင်အကိုက်မခံရအောင်နေဖို့ တအာင်းကျန်းမာရေးဌာန သတိပေး

အီရန်ခေါင်းဆောင်သစ်ရွေးချယ်ရာမှာ အမေရိကန်ပါဝင်ရမယ်လို့ ထရန့်ပြော

မြောက်ဦးရှိ လက်ဆည်ကန်နဲ့ အနူမကန်ကို အာရက္ခအစိုးရထိန်းသိမ်းမယ်

Releated Post

Photo - SMART Soldiers Strong ARMY

​ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှုပြီးဆုံး

March 7, 2026
Photo - NUG

PDF လေ့ကျင့်ရေးနည်းပြတွေစွမ်းရည်မြှင့်သင်တန်း NUG ကာကွယ်ရေးဝန်ကြီးဌာန ဖွင့်လှစ်

March 7, 2026
​Photo-GEM

မောင်တောမှာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ဖို့နှိုးဆော်

March 6, 2026
Photo - TNLA

ပြည်သူတွေ ကမျဉ်းနီကောင်အကိုက်မခံရအောင်နေဖို့ တအာင်းကျန်းမာရေးဌာန သတိပေး

March 6, 2026

အီရန်ခေါင်းဆောင်သစ်ရွေးချယ်ရာမှာ အမေရိကန်ပါဝင်ရမယ်လို့ ထရန့်ပြော

March 6, 2026
Photo-BNA

မြောက်ဦးရှိ လက်ဆည်ကန်နဲ့ အနူမကန်ကို အာရက္ခအစိုးရထိန်းသိမ်းမယ်

March 6, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page