Border News Agency
မကွေး၊ ဇန်နဝါရီ ၂၉။
မကွေးတိုင်း၊ တောင်တွင်းကြီးကနေ တပ်ကုန်းကိုသွားတဲ့တောင်ညိုလမ်းမှာ ဇော်လေးနိုင်ဇာတ်သဘင်အဖွဲ့ ကားမှောက်ပြီး လူဆယ့်နှစ်ဦး သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) က ဇန်နဝါရီလ ၂၉ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီ တောင်တွင်းကြီးကနေ ဇန်နဝါရီလ ၂၈ ရက်နေ့က ဖျော်ဖြေရေးခရီးစဉ်အသွားဂွေးချိုကျေးရွာအနီးမှာ ဇာတ်အဖွဲ့သားတွေလိုက်ပါလာတဲ့ကားဟာ အရှိန်လွန်ပြီး ချောက်ထဲကို ထိုးကျသွားတာလို့ဆိုပါတယ်။
အဲဒီလို အရှိန်လွန်ပြီး ချောက်ထဲကို ထိုးကျသွားတာကြောင့် ကားပေါ်ပါလာတဲ့ လူနှစ်ဆယ့်ခုနှစ်ဦးထဲက ဆယ့်နှစ်ဦးသေဆုံးသွားတယ်လို့ဆိုပါတယ်။
အဲဒီအပြင် ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားသူတွေလည်းရှိနေတယ်လို့ဆိုပါတယ်။
အဲဒီယာဉ်မတော်တဆမှုအတွက် လိုအပ်တဲ့ အကူအညီတွေပေးဖို့ အခင်းဖြစ်ရာနေရာကို အမှုဆောင်တွေ ကိုယ်တိုင်ဆင်းပြီး ချိတ်ဆက်ဆောင်ရွက်ပေးနေတယ်လို့ သဘင်အစည်းအရုံးကဆိုပါတယ်။






