Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး တောင်ကုတ်ခရိုင် တောင်ကုတ်မြို့နယ် သတင်း အာရက္ခဒေသ

အမှတ် ၅ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်ကို အာရက္ခတပ်တော် ထိုးစစ်ဆင်တိုက်ခိုက်နေ

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
1
VIEWS
Share on FacebookShare on Twitter
အမှတ် ၅ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်ကို အာရက္ခတပ်တော် ထိုးစစ်ဆင်တိုက်ခိုက်နေ
Border News Agency
တောင်ကုတ်၊နိုဝင်ဘာ ၉။
တောင်ကုတ်မြို့နယ်ကို အပြီးသတ်ထိန်းချုပ်ဖို့ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို နိုဝင်ဘာလ ၈ ရက်နေ့ကစတင်ပြီး အာရက္ခတပ်တော်(AA)က ထိုး စစ်ဆင်တိုက်ခိုက်နေပြီလို့ တောင်ကုတ်ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင်အမှတ် ၃၄၆ ခြေမြန်တ ပ်ရင်း၊အမှတ် ၅၄၄ ခြေမြန်တပ်ရင်းဟာလည်း တောင်ကုတ်မြို့၊ကံပိုင်ရပ်ကွ က်မှာတည်ရှိပါတယ်။
အဲဒီအမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရဲ့ရှေ့တန်းခံစစ်ဗျူဟာတွေ၊လက် နက်ကြီးအထိုင်စခန်းတွေ၊ရှေ့ကာကင်းတွေကို အာရက္ခတပ်တော်က တိုက်ခိုက်သိမ်းပိုက်ထားပြီလို့လည်း တောင်ကုတ်ဒေသခံတွေက ဆိုကြပါတယ်။
အဲဒါကြောင့် တောင်ကုတ်မြို့နယ်ကို အပြီးသတ်ထိန်းချုပ်ဖို့ အမှတ် ၅ စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ်ကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ တောင်ကုတ်ဒေသခံတွေက ဆိုကြပါတယ်။
“တောင်ကုတ်ကတပ်တွေကိုတပ်တော်ကဝင်တိုက်နေပါပြီ။စစ်တပ်ကလေယာဥ်တွေလာပစ်ပါတယ်။တပ်မကလက်နက်ကြီးတွေပစ်ပါတယ်။မြို့ထဲကနေရာတချို့မှာလည်း လက်နက်ကြီးချတာတွေရှိပါတယ်။”လို့ တောင်ကုတ် မြို့ခံတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီအမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရဲ့ပန်းမြောက်တောင်အမြောက်ကုန်းအထိုင်စခန်းအပါအဝင် တောင်ကုတ်တက္ကသိုလ်အမြောက်တပ်အထိုင်စခန်းကိုလည်း အာရက္ခတပ်တော်က တိုက်ခိုက်သိမ်းပိုက်ထားပြီလို့လည်း တောင်ကုတ်ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအပြင်တောင်ကုတ်မြို့အဝင် ကိုင်းရှည်တံတားမှာ ဘန်ကာကြီးတွေတည် ဆောက်ပြီးအခိုင်အမာနေရာယူထားတဲ့စစ်ကောင်စီတပ်ရဲ့ရှေ့ကာကင်းကိုလ ည်း အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ တောင်ကုတ်ဒေ သခံတွေက ဆိုကြပါတယ်။
အဲဒါကြောင့် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူတွေ အများဆုံးပြုလုပ်ခုခံနေပြီး တောင်ကုတ်မြို့ထဲမှာ အရပ်သားပြည်သူတွေ ပိတ်မိကျန်နေကြသေးတ ယ်လို့ တောင်ကုတ်ဒေသခံတွေက ဆိုကြပါတယ်။
“ပစ်သံတွေကတော့ နေရာတိုင်းကကြားနေရပါတယ်။ဘယ်နေရာတွေကိုသိမ်းလိုက်ပြီးလဲအတိအကျမပြောနိုင်ပါ။လေယာဥ်တွေကတော့ လာလာချနေတာပါပဲ။မြို့ထဲမှာပိတ်မိနေသူတွေအများကြီးပါပဲ။”လို့ တောင်ကုတ်မြို့ခံတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီအမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တည်ရှိရာတောင်ကုတ်မြို့နယ်ဟာ ရခိုင်ရိုးမတောင်ခြေနားမှာတည်ရှိပြီး ရခိုင်ကနေတခြားဒေသသို့ ကားလမ်းထွ က်ပေါက်ရှိပေမယ့် အဲဒီကားလမ်းတလျှောက်နေရာအများစုကို အာရက္ခတပ်တော်က ထိန်းချုပ်ပိတ်ဆို့ထားပြီလို့ တောင်ကုတ်ဒေသခံတွေက ဆိုကြပါတ ယ်။
အဲဒီတောင်ကုတ်မြို့နယ်ရှိ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင် စစ်ကောင်စီတပ်ရင်းတွေမှာ စစ်သည်အင်အားနည်းပါးနေပြီး စစ်ကူလာမယ့်လမ်းကြောင့်အားလုံးကိုလည်း အာရက္ခတပ်တော်(AA)က ထိန်းချုပ်ပိတ်ဆို့ထားပြီလို့ တောင်ကုတ်ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအပြင် တောင်ကုတ်မြို့နယ်ကို အပြီးသတ်သိမ်းပိုက်ဖို့ အာရက္ခတပ်တော်ရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေစတင်တာဖြစ်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တ ည်ရှိရာ အမ်းမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ဖို့ သေချာသွားတာမို့ နောက်ထပ်မြို့သိမ်းတိုက်ပွဲစတင်တာလို့ ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာသူတွေက ဆိုကြပါတယ်။
”တောင်ကုတ်မှာ စကခ ၅ ရှိပေမယ့်တပ်နည်းပါတယ်။စစ်သည်အင်အားလည်းနည်းပါတယ်။အမြောက်တပ်တွေ၊ရှေ့ကာကင်တွေအသစ်တည်အင်အားတိုးထားပေမယ့်ကြားရှည်ခုခံနိုင်ကြမှာမဟုတ်ပါဘူး။တောင်ကုတ်ကအထိုင်တပ်တွေကလည်းအရင်ကတည်းက အင်းအားပြုန်းတီးနေကြတာပါ။တောင်ကုတ်ကဂွထက်တောင်မြန်သွားနိုင်ပါတယ်။”လို့ ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာသူတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီတောင်ကုတ်မြို့နယ်မှာ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပြင် အမှ တ် ၃၄၆ ခြေမြန်တပ်ရင်းနဲ့အမှတ် ၅၄၄ ခြေမြန်တပ်ရင်းတို့တည်ရှိနေပေမယ့် အဲဒီအထဲက အမှတ် ၃၄၆ ခြေမြန်တပ်ရင်းဟာ ကဇုကိုင်းဗျူဟာသိမ်းတိုက်ပွဲမှာ သေဆုံးဒဏ်ရာရသူတွေများခဲ့တာမို့ တပ်စောင့်လောက်သာကျန်နေပြလို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒါကြောင့် အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ခုခံကာကွယ်ဖို့ တပ်ဦးတောင်မှာ လက်နက်ကြီးအထိုင်စခန်းတွေချပြီး ဇွန်လ ၈ ရက်နေ့ကတည်းက အာရက္ခတပ်တော်(AA)လာရောက်တိုက်ခိုက်မယ့်ထင်တဲ့နေရာတွေကို ပစ်ခတ်မှုတွေပြုလုပ်နေကြတယ်လို့ တောင်ကုတ်ဒေသခံတွေက ဆိုကြပါတယ်။
နောက်ပြီး တောင်ကုတ်မြို့နဲ့ ရှစ်မိုင်ခန့်အကွာ တောင်ကုတ်-အမ်းကားလမ်းမကြီးပေါရှိ ရွှေကွမ်းစမ်းတံတားကိုလည်း ဇွန်လ ၁၃ ရက်နေ့ကနည်းက စစ်ကောင်စီတပ်မှ မိုင်းခွဲဖျက်ဆီးထားလိုက်သလို မြို့အဝင်အထွက်အားလုံးကိုပိတ်ဆို့ထားပြီး ဧည့်စာရင်းစစ်တာတွေ၊လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေပြုလုပ်နေကြတယ်လို့ တောင်ကုတ်ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီတောင်ကုတ်မြို့နယ်ရှိ တောင်ကုတ်-အမ်းကားလမ်း၊တောင်ကုတ်-ပန်းတောင်ကားလမ်း၊တောင်ကုတ်-သံတွဲ ကားလမ်းတွေကို အာရက္ခတပ်တော်ကထိန်းချုပ်ပိတ်ဆို့ထားပြီဖြစ်သလို ရေလမ်းထွက်ပေါက်နေရာတွေကိုလည်း ထိန်းချုပ်ထားတာမို့ ကလိန်တောင်မြစ်ဝထိ တပ်ဆုတ်ထွက်ပြေးဖို့မလွယ်ဘူးလို့ ဆိုကြပါတယ်။
အဲဒါကြောင့် စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး တောင်ကုတ်မြို့ န ယ်နေရာအနှံ့အပြားကို လေယာဥ်တွေနဲ့ကင်းထောက်တာတွေပြုလုပ်နေသလို တိုက်လေယာဥ်တွေလည်း လာရောက်ပျံသန်းပစ်ခတ်နေကြတယ်လို့ တောင်ကုတ်ဒေသခံတွေက ဆိုကြပါတယ်။
အာရက္ခဒေသမှာ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်၊အမှတ် ၉ စစ်ဆင် ရေးကွပ်ကွဲမှုဌာနချုပ်တို့ အာရက္ခတပ်တော်က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ကာ တောင်ကုတ်မြို့နယ်အခြေစိုက်၊အမှတ် ၅ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်ကို အာရက္ခတပ်တော်က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ပြီရင်တော့ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်သုံးခုစလုံးကျရှုံးသွားမှာဖြစ်ပါတယ်။
အဲဒီအမှတ် ၅ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်လက်အောက်မှာ နည်းဗျူဟာ သုံးခု၊ခြေမြန်တပ်းရင်းဆယ်ရင်းရှိပြီး စစ်တွေ-ရန်ကုန်ကားလမ်းဘေးရှိ ကဇုကိုင်းဗျူဟာလည်းတခုအပါအဝင်ဖြစ်ပါတယ်။
အဲဒီအမှတ် ၅ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်လက်အောက်မှာ တောင်ကုတ်မြို့ နယ်အခြေစိုက်အမှတ် ၃၄၆ ခြေမြန်တပ်ရင်း၊အမှတ် ၅၄၄ ခြေမြန်တပ်ရင်း၊အ မ်းမြို့နယ်အခြေစိုက်အမှတ် ၃၇၁ ခြေမြန်တပ်ရင်း၊အမှတ် ၃၇၂ ခြေမြန်တပ်ရင်း၊အမှတ် ၃၇၃ ခြေမြန်တပ်ရင်း၊ကျောက်ဖြူမြို့နယ်အခြေစိုက်အမှတ် ၅၄၂ ခြေမြန်တပ်ရင်း၊ အမှတ် ၅၄၃ ခြေမြန်တပ်ရင်း၊ဂွမြို့နယ်အခြေစိုက်အမှတ် ၅၆၂ခြေမြန်တပ်ရင်း၊အမှတ် ၅၆၃ခြေမြန်တပ်ရင်း၊သံတွဲမြို့နယ်အခြေစိုက်အမှတ် ၅၆၆ ခြေမြန်တပ်ရင်းတို့ဖြစ်ပါတယ်။
အဲဒီအမှတ် ၅ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်လက်အောက်ခံခြေမြန်တပ်ရင်းတချို့ကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထားပြီဖြစ်သလို တောင်ကုတ်မြို့ကို ကုန်းလမ်းကစစ်ကူလာမယ့်သံတွဲမြို့ကိုလည်း အပြီးသတ်သိမ်း ပိုက်ထားပြီး အမ်းမြို့ကိုလည်း အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေတာမို့ တောင်ကုတ်မြို့ဟာ ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ခံထားရပြီလို့ ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာနေသူတွေက ဆိုကြပါတယ်။
(ဓာတ်ပုံ-အမှတ် ၅ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်တည်ရှိရာ တောင်ကုတ်မြို့ တွင်းတနေရာ/BNA)
PrevPreviousနိုင်ငံတ ကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ အရေးတကြီးလိုအပ်
Nextအာရက္ခပြည်သူနှစ်သန်းကျော် လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေNext
Previous Post

နိုင်ငံတ ကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ အရေးတကြီးလိုအပ်

Next Post

အာရက္ခပြည်သူနှစ်သန်းကျော် လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​အီရန်အစိုးရပြိုလဲမယ့်အခြေအနေမရှိသေးဘူးလို့ အမေရိကန်ထောက်လှမ်းရေးသုံးသပ်

March 12, 2026

စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ NUG ကြား အုပ်ချုပ်ရေးဆိုင်ရာလုပ်ပိုင်ခွင့် ၉ ရပ် သဘောတူညီမှုရ

March 12, 2026
​ဓာတ်ပုံ-ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်

သရက်ချောင်းရှိ နှစ် ၃၀ ကျော်အခြေစိုက် ဝင်းဝစခန်းကို KNLA ပူးပေါင်းတပ်တွေသိမ်းပိုက်

March 12, 2026

​ဒူဘိုင်းရှိ အထပ်မြင့်တိုက်ခန်းကိုဒရုန်းထိမှန်

March 12, 2026

​အီရန်အစိုးရပြိုလဲမယ့်အခြေအနေမရှိသေးဘူးလို့ အမေရိကန်ထောက်လှမ်းရေးသုံးသပ်

စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ NUG ကြား အုပ်ချုပ်ရေးဆိုင်ရာလုပ်ပိုင်ခွင့် ၉ ရပ် သဘောတူညီမှုရ

​မဲဆောက်အထည်ချုပ်စက်ရုံတွေက မြန်မာနိုင်ငံသား ၆ ဦး ဖမ်းဆီးခံရ

သရက်ချောင်းရှိ နှစ် ၃၀ ကျော်အခြေစိုက် ဝင်းဝစခန်းကို KNLA ပူးပေါင်းတပ်တွေသိမ်းပိုက်

​ဒူဘိုင်းရှိ အထပ်မြင့်တိုက်ခန်းကိုဒရုန်းထိမှန်

​အမ်းရှိစစ်သုံ့ပန်းစခန်းလေကြောင်းတိုက်ခိုက်ခံရမှုမှာ ဗိုလ်မှူးချုပ်နဲ့အရာရှိကြီး အများအပြားသေဆုံး

Releated Post

​အီရန်အစိုးရပြိုလဲမယ့်အခြေအနေမရှိသေးဘူးလို့ အမေရိကန်ထောက်လှမ်းရေးသုံးသပ်

March 12, 2026

စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ NUG ကြား အုပ်ချုပ်ရေးဆိုင်ရာလုပ်ပိုင်ခွင့် ၉ ရပ် သဘောတူညီမှုရ

March 12, 2026
​ဓာတ်ပုံ-တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန

​မဲဆောက်အထည်ချုပ်စက်ရုံတွေက မြန်မာနိုင်ငံသား ၆ ဦး ဖမ်းဆီးခံရ

March 12, 2026
​ဓာတ်ပုံ-ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်

သရက်ချောင်းရှိ နှစ် ၃၀ ကျော်အခြေစိုက် ဝင်းဝစခန်းကို KNLA ပူးပေါင်းတပ်တွေသိမ်းပိုက်

March 12, 2026

​ဒူဘိုင်းရှိ အထပ်မြင့်တိုက်ခန်းကိုဒရုန်းထိမှန်

March 12, 2026
Photo-AA

​အမ်းရှိစစ်သုံ့ပန်းစခန်းလေကြောင်းတိုက်ခိုက်ခံရမှုမှာ ဗိုလ်မှူးချုပ်နဲ့အရာရှိကြီး အများအပြားသေဆုံး

March 12, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page