Border News Agency
ယူကရိန်း၊ဇွန် ၁၉။
ရုရှားနိုင်ငံ၊မြို့တော်မော်စကိုမှာရှိတဲ့ ရေနံချက်စက်ရုံတရုံကို ဇွန်လ ၁၈ ရက်နေ့က ယူကရိန်းကဒရုန်းတွေနဲ့ အကြီးအကျယ်တိုက်ခိုက်ခဲ့တာကြောင့် မီးခိုးလုံးကြီးတွေ အလိပ်လိုက် ထွက်ပေါ်ခဲ့ပြီး လူ ၁၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုအပြီး မော်စကိုမြို့ရဲ့ အချို့နေရာတွေမှာမိုးမည်းတွေ ရွာသွန်းခဲ့တယ်လို့ သတင်းထွက်ပေါ်နေဒေသခံတွေကဆိုကြပါတယ်။
အဲဒီအပြင် အဝတ်လှန်းထားတဲ့နေရာတွေမှာ ရေနံစိမ်းစက်တွေ ကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။
မော်စကိုအာဏာပိုင်တွေဘက်ကတော့ ရေနံမိုးရွာတယ်ဆိုတဲ့ သတင်းကို ငြင်းဆိုထားပေမယ့် ပြည်သူတွေကို ပြတင်းပေါက်တွေ သေချာပိတ်ထားကြဖို့ သတိပေးထားပါတယ်။
ဒါ့အပြင် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ပန်းနာရင်ကြပ်ရောဂါရှိသူတွေအနေနဲ့ အဲဒီဒေသကနေ အမြန်ဆုံး ခေတ္တရွှေ့ပြောင်းကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
















