Border News Agency
မီဇိုရမ်၊ဇွန် ၁၉။
မီဇိုရမ်ပြည်နယ်၊အိုက်ဇောလ်ခရိုင်ထဲက နာမည်ကြီး ခရီးသွားနေရာ ၇ ခုမှာ တခါသုံး ပလတ်စတစ်ပစ္စည်းတွေ အသုံးပြုတာကို ချက်ချင်း ရပ်ဆိုင်းပိတ်ပင်လိုက်တယ်လို့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၁၈ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီပိတ်ပင်လိုက်တဲ့နေရာတွေကတော့ Lalsavunga Park၊ Falkawn Zokhua၊ Sakawrhmuitual Tlang၊ Hmuifang Tlang၊ Khawhpawp၊ Sairang ဘူတာနဲ့ Sialsuk Tlang တို့ ဖြစ်ပါတယ်။
အဲ ဒီနေရာတွေမှာ အမှိုက်ပြဿနာနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှု လျှော့ချဖို့ အိန္ဒိယတရားရုံးချုပ်ရဲ့ ညွှန်ကြားချက်အရ ဆောင်ရွက်တာ ဖြစ်ပါတယ်။
အဲဒီအစီအစဉ်ကြောင့် လာရောက်လည်ပတ်သူတွေ၊ဈေးသည်တွေနဲ့ ဆိုင်ရှင်တွေအနေနဲ့ တစ်ခါသုံးပလတ်စတစ်တွေ လုံးဝမသုံးဘဲ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ အစားထိုးပစ္စည်းတွေကိုပဲ အသုံးပြုကြဖို့ ညွှန်ကြားထားပါတယ်။
စည်းကမ်းလိုက်နာမှု ရှိ၊ မရှိကိုလည်း အထူးကြပ်မတ်ရေးအဖွဲ့တွေနဲ့ စောင့်ကြည့်စစ်ဆေးသွားမှာဖြစ်ပြီး တားမြစ်ချက်ကို ချိုးဖောက်ရင် အမှိုက်စီမံခန့်ခွဲရေးဥပဒေတွေအရ အရေးယူသွားမယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။










