Border News Agency
ရွှေဘို၊ ဇွန် ၁၉။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့အတွက်နှင်းဆီလှုပ်ရှားမှုကို ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပြည်သူလူထုနဲ့အတူ ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။
“အမေစုနဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်၊အဓမ္မစစ်မှုထမ်းဥပဒေ ချက်ချင်းဖျက်၊ ဦးဝင်းမြင့်သည် သမ္မတ၊ဒေါ်အောင်ဆန်းစုကြည်သည် အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သည်”ဆိုပြီး ပြည်သူတွေနဲ့တကွ တောင်းဆိုခဲ့ကြပါတယ်။
အဲဒီလှုပ်ရှားမှုမှာ ဘုရားတင်တာ၊ပန်ဆင်တာ၊ နှင်းဆီပန်း သို့မဟုတ် အခြားပန်းတမျိုးမျိုးကို အပြန်အလှန် ဝေငှတာ၊အွန်လိုင်းကမ်ပိန်းလုပ်တာ၊ မြေပြင်သပိတ်လှုပ်ရှားမှုတွေမှာ နှင်းဆီပန်းတွေကိုကိုင်ဆောင်ပြီးပါဝင်ကြတာဖြစ်ပါတယ်။
“အမေစုနဲ့အတူဆက်လက်တိုက်ပွဲဝင်ကြ” ဟေ့ . . . စစ်အာဏာရူးတွေ၊ငါတို့လူထုဟာ မင်းတို့ပြုသမျှနုရမယ့် ဘဝ မဟုတ်ဘူးဟေ့။ “ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိ နှင်းဆီတွေ” ဆိုတာကို ဒီပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှုကြီးကနေ ထပ်လောင်းသက်သေတည်လိုက်ကြပါစို့။”ဆိုပြီး အော်ဟစ်တောင်းဆိုနေကြတာပါ။
အဲဒီနှင်းဆီလှုပ်ရှားမှုမှာ ပြည်တွင်း၊ပြည်ပ ပြည်သူတရပ်လုံး အင်တိုက်အားတိုက် ပါဝင်ပေးကြဖို့ ရွှေဘိုမြို့နယ်ပကဖမှတိုက်တွန်းနှိုးဆော်ထားပါတယ်။
































