Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး သတင်း အမျိုးသမီးကဏ္ဍ အာရက္ခဒေသ

ရန်ကုန်သွားတဲ့ ရခိုင်လူငယ်ဆယ့်သုံးဦးကို ပွဲစားကငွေယူပြီးရောင်းစား

Author picture

By

Shin Myat Phyu
Reading Time: 1 min read
0
A A
0
SHARES
69
VIEWS
Share on FacebookShare on Twitter

​Border News Agency

အမ်း၊ ဖေဖော်ဝါရီ ၅။

အာရက္ခဒေသအတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲနေချိန်မှာ ရန်ကုန်သို့ဆေးကုသဖို့နဲ့ ကျောင်းတက်ဖို့သွားရောက်ကြတဲ့ ရခိုင်လူငယ်ဆယ့်သုံးဦးကို ပွဲစားကစစ်ကော်မရှင်တပ်နဲ့ပူးပေါင်းပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခဲ့ပါတယ်။

အဲဒီအာရက္ခတပ်တော် (AA) ဆီ အလင်းဝင်လာတဲ့ စကခ ၁၇၊ ခမရ ၅၇၄ မှ တပ်သားနိုင်ခန့်ကျော်ရဲ့ ပြောကြားချက်အရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ရခိုင်မှရန်ကုန်သို့ခိုးထွက်ခဲ့ကြတဲ့ အမျိုးသားကိုးဦးနဲ့ အမျိုးသမီးလေးဦး၊ စုစုပေါင်းလူငယ်ဆယ့်သုံးဦးဟာ ပွဲစားရဲ့လိမ်လည်မှုကြောင့် ဖမ်းဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။

အဲဒီလူငယ်တဦးကို ငွေကျပ်ဆယ့်ခုနှစ်သိန်းစီပေးခဲ့ရပြီး ပွဲစားဖြစ်သူကလမ်းခရီးမှာ ဘာမှမဖြစ်စေရဘူးလို့အာမခံခဲ့သလို ရန်ကုန်သွားမယ့်ဂိတ်တွေမှာပြသဖို့အတွက်ဆိုကာ လူငယ်တွေရဲ့ဓာတ်ပုံတွေကို တဦးချင်းစီရိုက်ယူခဲ့တယ်လို့ ဆိုပါတယ်။

​ဒါပေမယ့် အဲဒီလူငယ်တွေဟာ မင်္ဂလာဦးရွာကနေ ဆီရွာကိုရောက်ရှိချိန်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးတာကို ခံခဲ့ရပြီး ကန်ဘားမြို့ရှိစစ်ကော်မရှင်ရဲ့ စုဆောင်းရေးစခန်းသို့ အတင်းအဓမ္မအပို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။

​အဲဒီဖမ်းဆီးခံရသူတွေထဲက အမျိုးသားငါးဦးကို စစ်မှုထမ်းဥပဒေနဲ့ညီညွတ်တယ်ဆိုပြီး သီးသန့်ဖယ်ထုတ်ကာ စုဆောင်းရေးစခန်းမှာ တလကြာပိတ်လှောင်ထားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစခန်းမှာ လူငယ်တွေရဲ့ဖုန်းတွေနဲ့ ငွေကြေးတွေကိုပါသိမ်းဆည်းခဲ့ပြီး ထွက်ပြေးရင်သတ်ပစ်မယ်လို့ခြိမ်းခြောက်ကာ  လေဝင်ပေါက်တောင်မရှိတဲ့ အချုပ်ခန်းပုံစံအခန်းတွေမှာ ထားထားခဲ့တယ်လို့ဆိုပါတယ်။

​အဲဒီအထူးသဖြင့် တပ်သားနိုင်ခန့်ကျော်ဟာ ကျောက်ကပ်ဝေဒနာရှင်ဖြစ်ပြီး ဆေးစစ်မှုမအောင်ပေမယ့် စစ်ကော်မရှင် အရာရှိတွေက ဆရာဝန်တွေကိုလာဘ်ပေးကာ ဆေးအောင်ကြောင်း လက်မှတ်အတုပြုလုပ်ပြီး စစ်သင်တန်းသို့ အတင်းအဓမ္မ ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီတပ်သားနိုင်ခန့်ကျော်ဟာ လက်ရှိမှာရှေ့တန်းစစ်မျက်နှာသို့ အပို့ခံရစဉ်အတွင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ အာရက္ခတပ်တော်ဆီသို့ အလံဖြူထောင်အလင်းဝင်ရောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

PrevPreviousဘန်နာမှာလျှပ်စစ်ကေဘယ်မြောင်းတူးစဉ် မြေပြိုပြီး မြန်မာလုပ်သားတဦးသေဆုံး
Next​စစ်ကော်မရှင်တပ်ရင်းတွေမှာ WY စိတ်ကြွဆေးပြားတွေကိုအရာရှိတွေကိုယ်တိုင် ဖြန့်ဖြူးရောင်းချနေNext
Previous Post

ဘန်နာမှာလျှပ်စစ်ကေဘယ်မြောင်းတူးစဉ် မြေပြိုပြီး မြန်မာလုပ်သားတဦးသေဆုံး

Next Post

​စစ်ကော်မရှင်တပ်ရင်းတွေမှာ WY စိတ်ကြွဆေးပြားတွေကိုအရာရှိတွေကိုယ်တိုင် ဖြန့်ဖြူးရောင်းချနေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Photo-KNU

လယ်ဒိုနဲ့ မူးမြို့နယ်မှာ စစ်ကော်မရှင်တပ်ကြောင့် အရပ်သား ၅ ဦးဒဏ်ရာရ

March 7, 2026

အရှေ့အလယ်ပိုင်းပဋိပက္ခအပေါ် စစ်ခေါင်းဆောင်စိုးရိမ်

March 7, 2026

​တီဟီရန်ရှိ မက်ဟ်ရာဘတ်လေဆိပ်ကို အမေရိကန်နဲ့အစ္စရေးတို့ဗုံးကြဲ

March 7, 2026
Photo - SMART Soldiers Strong ARMY

​ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှုပြီးဆုံး

March 7, 2026

အရှေ့အလယ်ပိုင်းပဋိပက္ခအပေါ် စစ်ခေါင်းဆောင်စိုးရိမ်

​တီဟီရန်ရှိ မက်ဟ်ရာဘတ်လေဆိပ်ကို အမေရိကန်နဲ့အစ္စရေးတို့ဗုံးကြဲ

​ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှုပြီးဆုံး

PDF လေ့ကျင့်ရေးနည်းပြတွေစွမ်းရည်မြှင့်သင်တန်း NUG ကာကွယ်ရေးဝန်ကြီးဌာန ဖွင့်လှစ်

မောင်တောမှာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ဖို့နှိုးဆော်

ပြည်သူတွေ ကမျဉ်းနီကောင်အကိုက်မခံရအောင်နေဖို့ တအာင်းကျန်းမာရေးဌာန သတိပေး

Releated Post

အရှေ့အလယ်ပိုင်းပဋိပက္ခအပေါ် စစ်ခေါင်းဆောင်စိုးရိမ်

March 7, 2026

​တီဟီရန်ရှိ မက်ဟ်ရာဘတ်လေဆိပ်ကို အမေရိကန်နဲ့အစ္စရေးတို့ဗုံးကြဲ

March 7, 2026
Photo - SMART Soldiers Strong ARMY

​ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှုပြီးဆုံး

March 7, 2026
Photo - NUG

PDF လေ့ကျင့်ရေးနည်းပြတွေစွမ်းရည်မြှင့်သင်တန်း NUG ကာကွယ်ရေးဝန်ကြီးဌာန ဖွင့်လှစ်

March 7, 2026
​Photo-GEM

မောင်တောမှာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ဖို့နှိုးဆော်

March 6, 2026
Photo - TNLA

ပြည်သူတွေ ကမျဉ်းနီကောင်အကိုက်မခံရအောင်နေဖို့ တအာင်းကျန်းမာရေးဌာန သတိပေး

March 6, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page