Border News Agency
ကစယ်ဒို၊ ဖေဖော်ဝါရီ ၇။
စစ်ကော်မရှင်တပ်ဖွဲ့တဦး ကေအဲန်ယူ တပ်မဟာ ၄၊ တပ်ရင်း ၁၂ ဆီသို့ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ကေအဲန်ယူ – မြိတ်ထားဝယ်ခရိုင်က ဖေဖော်ဝါရီလ ၇ ရက်၊ ဒီနေ့ထုတ်လိုက်ပါတယ်။
အဲဒီ စစ်ကော်မရှင်တပ်ရဲ့ခလရ ၄၀၄ က တပ်သားတဦးဟာ ဖေဖော်ဝါရီလ ၆ ရက်၊ မနေ့က MA – 1 သေနတ်တလက်၊ ကျည်ဘောက်သုံးခုနဲ့ ကျည်ဆံနှစ်ရာ့တဆယ်တောင့်နဲ့အတူ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။
အဲဒီအလင်းဝင်လာသူကို KNLA ဘက်က ကောင်းမွန်စွာလက်ခံစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။
KNU အနေနဲ့ စစ်တပ်ထဲမှာမိမိဆန္ဒမပါဘဲ အတင်းအဓမ္မခိုင်းစေခံနေရသူတွေကို အာဏာရှင်ရဲ့အသုံးချခံအဖြစ်မခံဘဲ နီးစပ်ရာတော်လှန်ရေးအဖွဲ့တွေဆီ အမြန်ဆုံးဆက်သွယ်ခိုလှုံကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။







