Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဓာတ်ပုံသတင်း နိုင်ငံရေး

အနုတင်ရဲ့ဖွန်ဂျိုင်ထိုင်းပါတီ ထိုင်းရွေးကောက်ပွဲမှာအနိုင်ရ

Photo - Thai PBS
Author picture

By

Shin Myat Phyu
Reading Time: 1 min read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

​Border News Agency

ဘန်ကောက်၊ ဖေဖော်ဝါရီ ၉။

ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီလ ၈ ရက်၊ မနေ့ကကျင်းပခဲ့တဲ့အထွေထွေရွေးကောက်ပွဲ လက်ရှိအာဏာရညွန့်ပေါင်းအဖွဲ့ဝင်  ဖွန်ဂျိုင်ထိုင်းပါတီ (Bhumjaithai Party) က အမတ်နေရာ ၁၉၀ ကျော်နဲ့အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့တယ်လို့ သက်ဆိုင်ရာဌာနတွေက ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အဲ​ဒီရလဒ်ဟာ ၂၀၂၃ ရွေးကောက်ပွဲတုန်းက ရရှိခဲ့တဲ့အမတ်နေရာ ၇၁ နေရာထက် သိသိသာသာမြင့်တက်လာတာဖြစ်ပြီး ထိုင်းနိုင်ငံရေးမှာ ရှေးရိုးစွဲအမျိုးသားရေးဝါဒတွေ ပြန်လည်အားကောင်းလာတာကို ပြသနေတာလည်း ဖြစ်ပါတယ်။

အဲဒီ​မဲ ၉၅ ရာခိုင်နှုန်းရေတွက်ပြီးချိန်မှာတော့ ဖွန်ဂျိုင်ထိုင်းပါတီက အမတ်နေရာ ၁၉၀ ကျော်နဲ့ပထမ၊ ပြည်သူ့ပါတီ (People’s Party) က ၁၁၀ ကျော်နဲ့ ဒုတိယ၊ ဖွေထိုင်းပါတီ (Pheu Thai) က ၇၀ ကျော်နဲ့ တတိယအသီးသီး ရရှိထားကြပါတယ်။

လူငယ်တွေထောက်ခံတဲ့ပြည်သူ့ပါတီက မြို့ပြဒေသတွေမှာအားကောင်းခဲ့ပေမယ့် ဖွန်ဂျိုင်ထိုင်းပါတီကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပြတ်အသတ် ဦးဆောင်နိုင်ခဲ့တာပါ။

​Nikkei Asia ရဲ့ သုံးသပ်ချက်အရ အနုတင်ရဲ့ ဒီအောင်ပွဲဟာထိုင်း – ကမ္ဘောဒီးယား နယ်စပ်တင်းမာမှုကို အခြေခံထားတဲ့ “အမျိုးသားရေးဝါဒ” ကြောင့်လို့ ဆိုပါတယ်။

အနုတင်ဟာ မဲဆွယ်ကာလအတွင်းမှာ “အမိမြေကို ကာကွယ်ဖို့နဲ့ မျိုးချစ်စိတ်ရှိဖို့” ကိုပဲ အဓိကထားလှုံ့ဆော်ခဲ့တာ ဖြစ်ပါတယ်။

​အနုတင်ကဘန်ကောက်မြို့ မိန့်ခွန်းမှာ “ထိုင်းနိုင်ငံရဲ့ လုံခြုံရေးအတွက် ကျွန်တော့်အသက်နဲ့ထပ်တူကာကွယ်သွားမယ်လို့  ကတိပြုပါတယ်။ အမိမြေကိုကာကွယ်ဖို့အတွက် ဖွန်ဂျိုင်ထိုင်းပါတီကိုပဲ ရွေးချယ်လိုက်ပါ” လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

​အဲဒီအပြင် ဘုရင်စနစ်နဲ့ စစ်တပ်ရဲ့အခန်းကဏ္ဍကိုမထိပါးဘဲ နဂိုအတိုင်းထိန်းသိမ်းမယ်ဆိုတဲ့ ကတိကဝတ်ကြောင့် ရှေးရိုးစွဲဝါဒီတွေနဲ့ တည်ငြိမ်မှုကိုလိုလားတဲ့ ကျေးလက်ပြည်သူတွေရဲ့ မဲကိုအပြည့်အဝရရှိခဲ့တာလို့ သုံးသပ်ကြပါတယ်။

နိုင်ငံရေးသိပ္ပံပါမောက္ခ Yuthaporn Issarachai ကလည်း ထိုင်းပြည်သူတွေဟာ ပြုပြင်ပြောင်းလဲရေးထက် “အမျိုးသားလုံခြုံရေးနဲ့ တည်ငြိမ်ရေး” ကို ပိုပြီးဦးစားပေးရွေးချယ်ခဲ့ကြတာလို့ ဆိုပါတယ်။

​လက်ရှိမှာ ဖွန်ဂျိုင်ထိုင်းပါတီဟာ အစိုးရဖွဲ့နိုင်ဖို့အမတ်နေရာ ၂၅၁ နေရာပြည့်မီအောင် အခြားပါတီငယ်တွေနဲ့ ညွန့်ပေါင်းဖွဲ့ဖို့ ပြင်ဆင်နေပါတယ်။

အဲဒီရှုံးနိမ့်သွားတဲ့ ပြည်သူ့ပါတီခေါင်းဆောင် နာတာဖောင်ကတော့ သူတို့ရဲ့ ရှုံးနိမ့်မှုကိုဝန်ခံလိုက်ပြီး အပြုသဘောဆောင်တဲ့ အတိုက်အခံအဖြစ် ရပ်တည်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

PrevPreviousICJ အမှုကနေ အကျိုးအမြတ်တွေရခဲ့တယ်လို့ စစ်ခေါင်းဆောင်ပြော
Next​မုဒါဟန်နယ်စပ်မှာ မူးယစ်ဆေးရောင်းတဲ့လူငယ် ၃ ဦးနဲ့အတူစိတ်ကြွဆေးပြား ၃,၀၀၀ ကျော် ဖမ်းမိNext
Previous Post

ICJ အမှုကနေ အကျိုးအမြတ်တွေရခဲ့တယ်လို့ စစ်ခေါင်းဆောင်ပြော

Next Post

​မုဒါဟန်နယ်စပ်မှာ မူးယစ်ဆေးရောင်းတဲ့လူငယ် ၃ ဦးနဲ့အတူစိတ်ကြွဆေးပြား ၃,၀၀၀ ကျော် ဖမ်းမိ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Photo-MNDAA

​နမ့်ဖတ်ကာမှာ တအာင်းနေအိမ်အချို့ကို MNDAA က ချိတ်ပိတ်ပြီး ပစ္စည်းတွေကိုဖျက်ဆီး

March 25, 2026

အမေရိကန်က အီရန်ကို စစ်ပွဲရပ်ဖို့ အချက် ၁၅ ချက်နဲ့ ကမ်းလှမ်း

March 25, 2026
ဓာတ်ပုံ - စစ်ကော်မရှင်

လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဝင်တွေအလင်းဝင်နေတယ်လို့ စစ်တပ် ဝါဒဖြန့်

March 25, 2026
ဓာတ်ပုံ-ထိုင်းတော်ဝင်တပ်ဖွဲ့

ထိုင်း-မြန်မာနယ်စပ်မှာစိတ်ကြွဆေးပြား ၅ သန်းဖမ်းမိ

March 25, 2026

​နမ့်ဖတ်ကာမှာ တအာင်းနေအိမ်အချို့ကို MNDAA က ချိတ်ပိတ်ပြီး ပစ္စည်းတွေကိုဖျက်ဆီး

အမေရိကန်က အီရန်ကို စစ်ပွဲရပ်ဖို့ အချက် ၁၅ ချက်နဲ့ ကမ်းလှမ်း

လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဝင်တွေအလင်းဝင်နေတယ်လို့ စစ်တပ် ဝါဒဖြန့်

ထိုင်း-မြန်မာနယ်စပ်မှာစိတ်ကြွဆေးပြား ၅ သန်းဖမ်းမိ

​လေဘနွန်အစိုးရက အီရန်သံအမတ်ကြီးကို နိုင်ငံအတွင်းကနေ နှင်ထုတ်

ယောကာကွယ်ရေးတပ်စခန်းကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်

Releated Post

Photo-MNDAA

​နမ့်ဖတ်ကာမှာ တအာင်းနေအိမ်အချို့ကို MNDAA က ချိတ်ပိတ်ပြီး ပစ္စည်းတွေကိုဖျက်ဆီး

March 25, 2026

အမေရိကန်က အီရန်ကို စစ်ပွဲရပ်ဖို့ အချက် ၁၅ ချက်နဲ့ ကမ်းလှမ်း

March 25, 2026
ဓာတ်ပုံ - စစ်ကော်မရှင်

လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဝင်တွေအလင်းဝင်နေတယ်လို့ စစ်တပ် ဝါဒဖြန့်

March 25, 2026
ဓာတ်ပုံ-ထိုင်းတော်ဝင်တပ်ဖွဲ့

ထိုင်း-မြန်မာနယ်စပ်မှာစိတ်ကြွဆေးပြား ၅ သန်းဖမ်းမိ

March 25, 2026

​လေဘနွန်အစိုးရက အီရန်သံအမတ်ကြီးကို နိုင်ငံအတွင်းကနေ နှင်ထုတ်

March 25, 2026
ဓာတ်ပုံ - ယောကာကွယ်ရေးတပ် - YDF

ယောကာကွယ်ရေးတပ်စခန်းကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်

March 25, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page