Border News Agency
မလေးရှား၊ ဖေဖော်ဝါရီ ၁၂။
မလေးရှားနိုင်ငံ၊ ပီနန်းမြို့က JURU ညစျေးမှာ ဖေဖော်ဝါရီဘ၁၁ ရက်၊မနေ့ညက အာဏာပိုင်တွေ အော်ပရာစီ (Operasi) ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
အာဏာပိုင်တွေဟာ ညစျေးအတွင်း ရုတ်တရက် ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီး အထောက်အထားမဲ့သူ အချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
အဲဒါကြောင့် ပီနန်းရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အခုရက်ပိုင်းအတွင်း အပြင်ထွက် သွားလာရာမှာ အထူးသတိထားကြဖို့ လိုအပ်နေတာပါ။
အထူးသဖြင့် အထောက်အထား မပြည့်စုံတဲ့ အမျိုးသား၊ အမျိုးသမီးတွေအနေနဲ့ အခုရက်ပိုင်းမှာ ညစျေးလို လူစည်ကားတဲ့နေရာတွေကို မသွားသင့်ဘူးလို့ မလေးရှားရောက်မြန်မာတွေက အသိပေးထားပါတယ်။
မလေးရှားမှာ အခုနောက်ပိုင်း အော်ပရာစီ ဝင်ရောက်စစ်ဆေးတာတွေ ခပ်စိပ်စိပ် ပြန်ရှိလာတာကြောင့် သတိနဲ့ နေထိုင်ကြဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။
















