Border News Agency
ပါကစ္စတန်၊ ဖေဖော်ဝါရီ ၂၂ ။
ပါကစ္စတန်တပ်မတော်ဟာ ဖေဖော်ဝါရီ ၂၂ ရက်၊ ဒီနေ့အစောပိုင်းမှာ အာဖဂန်နစ္စတန်နိုင်ငံအတွင်းက လက်နက်ကိုင်စခန်းတွေကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင် လူပေါင်းဒါဇင်နဲ့ချီ သေဆုံးဒဏ်ရာရခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရသိရပါတယ်။
ပါကစ္စတန်ဘက်ကတော့ ဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တပ်မတော်အရာရှိတဦးအပါအဝင် စစ်သည်တွေသေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တာဖြစ်ပြီး နယ်စပ်ရှိ TTP နဲ့ IS အဖွဲ့ခွဲစခန်း ၇ ခုကို ပစ်မှတ်ထားခဲ့တာလို့ ဆိုပါတယ်။
ဒါပေမယ့် အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဗုံးကြဲမှုဟာဘာသာရေးစာသင်ကျောင်းနဲ့ လူနေအိမ်တွေကို ထိမှန်ခဲ့တာဖြစ်လို့ ဒါဟာအပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် နန်ဂါဟာပြည်နယ်တခုတည်းမှာတင် အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ရပြီး အခုဖြစ်စဉ်ဟာ ပြီးခဲ့တဲ့နှစ်ကမှရရှိထားတဲ့ နှစ်နိုင်ငံကြားပျက်စီးလွယ်တဲ့ အပစ်အခတ်ရပ်စဲရေးကိုပါ ခြိမ်းခြောက်နေပါတယ်။
ဒါကြောင့် ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နယ်စပ်တလျှောက် စစ်ရေးတင်းမာမှုတွေ အမြင့်ဆုံးအဆင့်ကို ရောက်ရှိနေပါတယ်။






