Border News Agency
နခွန်စီသမာရတ်၊ ဖေဖော်ဝါရီ ၂၂။
ထိုင်းနိုင်ငံ၊ နခွန်စီသမာရတ်ခရိုင်အတွင်းမှာ ဖေဖော်ဝါရီလ ၂၂ ရက်၊ ဒီနေ့နေ့လည်က ဘက်ဟိုးတင်ဆောင်လာတဲ့ ခြောက်ဘီးကားတစီး ဘရိတ်ပေါက်ပြီး တောင်စောင်းကနေထိုးကျတိမ်းမှောက်လို့ အရပ်သားနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအချိန်မှာ ခရီးစဉ်တခုကနေပြန်လာတဲ့ အမှတ် ၄၃ စစ်နယ်မြေက စစ်တပ်သင်တန်းဆရာ ၁၁ ဦးဟာ အခင်းဖြစ်နေရာကို တွေ့ရှိခဲ့တာကြောင့် ဝင်ရောက်ကူညီခဲ့တယ်လို့ ထိုင်းဘုရင့်တပ်မတော် ထုတ်ပြန်ပါတယ်။
အဲဒီ ကားအတွင်းမှာ လူ ၂ ဦးညပ်မိပြီး ဒဏ်ရာပြင်းထန်နေတာကြောင့် စစ်တပ်တပ်ဖွဲ့ဝင်တွေက ရှေးဦးသူနာပြုစုတာတွေ လုပ်ဆောင်ပေးခဲ့သလို ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ညှိနှိုင်းပြီး ကားအတွင်းကနေအချိန်မီ ထုတ်ယူနိုင်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီ ဒဏ်ရာရရှိသူတွေကို လိုအပ်တဲ့ဆေးကုသမှုတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ လူနာတင်ကားနဲ့ ဆေးရုံကိုပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။















