Border News Agency
ပဲခူး၊ ဇွန် ၁၄။
စစ်တောင်းမြစ်ဝှမ်းဒေသ စစ်ဆင်ရေးတွေမှာ ပဲခူးခရိုင် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေက PDF တပ်ရင်းတွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဇွန်လ ၁၃ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။
အဲဒီ တပ်စတင်ဖွဲ့စည်းတဲ့ ၂၀၂၁ ခုနှစ်၊ မေလမှစပြီး ပဲခူးခရိုင် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေဟာ မြို့ပြပြောက်ကျားစစ်ဆင်ရေးတွေ၊ စစ်တပ်ရဲ့ စခန်းသိမ်းစစ်ဆင်ရေးတွေ၊ နယ်မြေတိုးချဲ့တဲ့ စစ်ဆင်ရေးတွေမှာ တိုက်ပွဲဝင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင်၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၅ ရက်မှစပြီး စစ်ဆင်ရေးတိုက်ပွဲတွေဖြစ်တဲ့ ဖာပွန်၊ ရေကျော်၊ စစ်ကွင်း မုက္ကမော့၊ လက်ယက် စတဲ့တိုက်ပွဲတွေမှာလည်း ကဝ၊ ဝေါ၊ ပဲခူး၊ သနပ္ပင်နဲ့ ဒိုက်ဦးမြို့နယ် ပကဖ တပ်ဖွဲ့ဝင်တွေဟာ PDF အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်၊ ဗျူဟာ ၃၆ နဲ့အတူ တိုက်ပွဲဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီ ညောင်လေးပင်၊ ရွှေကျင်နဲ့ ကျောက်တံခါးမြို့နယ် ပကဖ တပ်ဖွဲ့ဝင်တွေကလည်း PDF ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း ၃၇၀၂၊ ၃၇၀၃ တို့နဲ့အတူ စစ်တောင်းမြစ်ဝှမ်းဒေသစစ်ဆင်ရေးတွေမှာ ပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။
တော်လှန်ပြည်သူတွေအနေနဲ့ ပဲခူးခရိုင် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေအတွက် ခရိုင်၊ မြို့နယ် ပကဖ တွေဆီ သတင်းအချက်အလက်နဲ့အတူ ဆက်လက်ပြီး ပါဝင်အားဖြည့်ကူညီပေးကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။













