Border News Agency
ထိုင်း၊ ဖေဖော်ဝါရီ ၂၆။
အာဆီယံမှာ အကြီးဆုံးစစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ ကော်ဘရာဂိုး ၂၀၂၆” ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာလည်း အရှိန်အဟုန်နဲ့ ဆက်လက်လုပ်ဆောင်နေပါတယ်။
ဒီနေ့မှာတော့ ထိုင်း၊ အမေရိကန်၊ တောင်ကိုရီးယားနဲ့ စင်ကာပူတပ်ဖွဲ့တွေစုပေါင်းပြီး ကုန်း၊ ရေ၊ လေ ညှိနှိုင်းတိုက်ခိုက်မှုတွေကို လက်တွေ့ကျကျ ဖော်ဆောင်ခဲ့ကြပါတယ်။
အဲဒီစစ်ဆင်ရေးအတွင်းမှာ စစ်သင်္ဘောကြီးတွေပေါ်ကနေ အမြောက်တွေနဲ့ ပစ်ကူပေးသလို၊ လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်ပြီး ရန်သူ့ဘက်ကခုခံမှုကို အပြတ်အသတ်ဖြိုခွင်းခဲ့တာပါ။
အဲဒီနောက်မှာတော့ ကမ်းခြေဒေသတွေကို မြန်မြန်ဆန်ဆန် သိမ်းပိုက်နိုင်တဲ့ နည်းဗျူဟာတွေကိုအသုံးပြုပြီး ကမ်းတက်စစ်ဆင်ရေးကို အောင်အောင်မြင်မြင် ဆောင်ရွက်ခဲ့ပါတယ်။
အမေရိကန်ရဲ့ USS ASHLAND သင်္ဘောကြီးအပါအဝင် နိုင်ငံစုံကခေတ်မီစစ်လက်နက်ပစ္စည်းတွေ အစုံအလင်နဲ့အင်အားပြင်းပြင်းထန်ထန် လေ့ကျင့်နေတာကို တွေ့ရပါတယ်။















