Border News Agency
ကစယ်ဒို၊ မတ် ၅။
တနင်္သာရီတိုင်း၊ ကစယ်ဒိုမြို့နယ်မှာ KTLA အဖွဲ့ကခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ကရဲဘော် ၅ ဦးဒဏ်ရာရသွားတယ်လို့ KNU က မတ်လ ၅ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
မတ်လ ၄ ရက်နေ့ ညနေ ၃ နာရီလောက်မှာ ဗိုလ်စောအယ်ခွီးဦးဆောင်တဲ့ KTLA အဖွဲ့ဟာ သမီးပေါ်သောကျေးရွာနဲ့ပျားသားချောင်းရွာကြားမှာ KNLA တပ်သားတွေကို ခြုံခိုတိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် KNLA တပ်မဟာ ၄၊ တပ်ရင်း ၁၂ က ရဲဘော် ၅ ဦးဒဏ်ရာရခဲ့ပါတယ်။
KNLA တပ်သားတွေဟာ စစ်ကော်မရှင်တပ်နဲ့အတူ စစ်ရေးဖော်ဆောင်ဖို့ အင်အားဖြည့်တင်းဖို့သွားနေတဲ့လမ်းမှာ အခုလို တိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ နှစ်ဖက်အဖွဲ့ကြား စစ်ရေးတင်းမာမှုတွေ ရှိနေပါတယ်။











