Border News Agency
မောင်တော၊ မတ် ၆။
အာရက္ခဒေသ၊ ဘူးသီးတောင်နဲ့ မောင်တောဒေသတွေမှာ အကြမ်းဖက်သမားတွေရဲ့သတ်ဖြတ်မှုကြောင့် နှစ်နှစ်ကျော်အတွင်း အရပ်သား ၁၆၂ ဦး သေဆုံးသွားတယ်လို့ HDCO က မတ်လ ၅ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကနေ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအထိ ARSA၊ RSO၊ ARA နဲ့ RIM အကြမ်းဖက်အဖွဲ့တွေကြောင့် အခုလို သေဆုံးခဲ့တာဖြစ်ပြီး ၂၂ ဦး ဒဏ်ရာရခဲ့သလို ၃၀ ဦးကတော့ အခုထိ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
သေဆုံးသူတွေထဲမှာ ရခိုင်လူမျိုး ၁၃၇ ဦးနဲ့ အများဆုံးဖြစ်ပြီး မူဆလင်၊ ဟိန္ဒူ၊ ခမီ၊ မြိုနဲ့ ဒိုင်းနက်လူမျိုးတွေလည်း ပါဝင်ပါတယ်။
ဒဏ်ရာရသူစုစုပေါင်းထဲမှာ အမျိုးသား ၂၁၂ ဦး၊ အမျိုးသမီး ၁၇ ဦးနဲ့ ကလေးငယ် ၁၂ ဦးအထိ ပါဝင်နေတာပါ။
အဲဒီအပြင် ဒီအကြမ်းဖက်အဖွဲ့တွေဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၁၃ ကြိမ်အထိ ကျူးလွန်ခဲ့ပြီး၊ အဲဒီဖြစ်စဉ်တွေမှာတင် လူပေါင်း ၄၈ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။











