Border News Agency
ကျောက်တော်၊ မတ် ၁၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ဝင်ရှိကစ္ဆပနဒီတံတားကို မတ်လ ၁၂ ရက်၊ ညပိုင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် တံတားအချို့ထိမှန်ပျက်စီးသွားတယ်လို့ သိရပါတယ်။
အဲဒီကစ္ဆပနဒီတံတားကို စစ်ကော်မရှင်တပ်ဟာ ည ၁၀ နာရီအချိန်ခန့်မှာ လေကြောင်းကနေရွယ်ရည်ချက်ရှိရှိတိုက်ခိုက်ခဲ့တာကြောင့် တံတားရဲ့အရှေ့ဘက်ခြမ်းမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့တွေကို စစ်သင်္ဘောတွေကလက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်ကဆိုပါတယ်။
လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းကတိုက်ခိုက်မှုပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒီအမ်းမြို့နယ်က စစ်သုံ့ပန်းစခန်းတခုကို မတ်လ ၈ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ပါတယ်။
အခုလိုကစ္ဆပနဒီတံတားဖျက်ဆီးခံရမှုကြောင့် ဒေသခံပြည်သူတွေရဲ့ကုန်စည်စီးဆင်းမှုနဲ့ သွားလာရေးမှာအကြီးအကျယ် အခက်အခဲဖြစ်သွားသလို စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းရန်ကြောင့်လည်း ဒေသခံတွေဟာစိုးရိမ်ထိတ်လန့်နေကြရပါတယ်။






