Border News Agency
နေပြည်တော်၊ မတ် ၁၈။
မြန်မာနိုင်ငံကူးလက်မှတ်(Passport) အတုပြုလုပ်ရင် ထောင်ဒဏ် ၅ နှစ်ထိ ချမှတ်နိုင်တဲ့ ဥပဒေသစ်ကို အာဏာသိ မ်းစစ်တပ်ရဲ့အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှမတ်လ ၁၇ ရက်နေ့ကပြဋ္ဌာန်းလိုက်ပါတယ်။
အဲဒီဥပဒေဟာ ပြည်တွင်းမှာသာမကပြည်ပရောက် မြန်မာနိုင်ငံသားတွေကျူးလွန်ရင်လည်း အရေးယူမှာပါ။
အဲဒီမြန်မာနိုင်ငံကူးလက်မှတ်လျှောက်ရာမှာအချက်အလက်လိမ်ရင် ထောင်ဒ ဏ်တနှစ်ထိ ဖြစ်စေ၊ငွေဒဏ်ငါးသိန်းဖြစ်စေချမှတ်ခံရမှာပါ။
အဲဒီအပြင် ကိုယ့်ရဲ့ မြန်မာနိုင်ငံကူးလက်မှတ်ကို သူတပါးထံ ရောင်းချတာ၊ ငှားရမ်းတာ ဒါမှမဟုတ် လွှဲပြောင်းပေးတာမျိုး လုပ်ရင်လည်း ထောင်ဒဏ်တနှစ်ထိကျခံရနိုင်ပါတယ်။
အဲဒီမြန်မာနိုင်ငံကူးလက်မှတ်ကို အတု လုပ်တာ၊ဆင်တူယိုးမှားလုပ်တာ ဒါမှမဟုတ် အတုကို လက်ဝယ်ထားပြီး ရောင်းချရင် ထောင်ဒဏ်ငါးနှစ်ထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်တဆယ့်ငါးသိန်းထိ ပေးဆောင်ရမှာပါ။
ဒါဟာ လက်မှတ်အတု ပြုလုပ်မှုကို အဓိကထား တားဆီးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် သက်တမ်းရှိ မြန်မာနိုင်ငံကူးလက်မှတ်ကို တခုထက်ပို ကိုင်ထားတာ ဒါမှမဟုတ် ပယ်ဖျက်ထားတဲ့ လက်မှ တ်ကို အသုံးပြုရင်ထောင်ဒဏ်သုံးနှစ်ထိချမှတ်ခံရမယ့်အပြင် ငွေဒဏ်ပါ ပေးဆောင်ရမှာပါ။
နိုင်ငံကူးလက်မှတ် အလွဲသုံးစားလုပ်မှုတွေကို ထိန်းချုပ်ဖို့ အခုလို တင်းကျပ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ဟာ မြန်မာနိုင်ငံကူးလက် မှတ်ဥပဒေတွေ ပိုမိုတင်းကျပ်လာတာကြောင့် ပြည်ပထွက်ခွာမယ့်သူတွေဟာ မိမိတို့အထောက်အထားတွေကို စနစ် တကျကိုင်ဆောင်ဖို့ လိုအပ်နေပါတယ်။
လက်မှတ်ပျောက်ဆုံးတာ ဒါမှမဟုတ် ပျက်စီးတာတွေအတွက်လည်း ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ သတိပေးထားပါတယ်။
ဒီဥပဒေသစ်အရ မြန်မာနိုင်ငံကူးလက် မှတ်နဲ့ ပတ်သက်ပြီး မမှန်မကန် လုပ်ဆောင်ရင် ထောင်ဒဏ်နဲ့ ငွေဒဏ် ပြင်းပြင်းထန်ထန် ချမှတ်မယ်လို့ဆိုပါတယ်။






