Border News Agency
စစ်ကိုင်း၊ မတ် ၁၈ ။
MNDAA နဲ့ TNLA တို့အကြား ဖြစ်ပွားခဲ့တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေကိုတော်လှန်ရေးအကျိုးမထိခိုက်စေဘဲ ညှိနှိုင်းဖြေရှင်းကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်ပါတယ်။
နှစ်ဖက်ခေါင်းဆောင်တွေ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးနေတာကို ဝမ်းမြောက်မိတယ်လို့လည်းဆိုပါတယ်။
ဒီအဖွဲ့အစည်းနှစ်ခုဟာ တော်လှန်ရေးမှာ အဓိကကျတဲ့ မဟာမိတ်တွေဖြစ်တာကြောင့် တော်လှန်ရေးမျက်နှာကို ရှေးရှုပြီး ပြဿနာတွေကို ပြေလည်အောင် ဆောင်ရွက်နိုင်မှာကို ယုံကြည်တယ်လို့ ဆိုပါတယ်။
နှစ်ဖက်တွေ့ဆုံမှု အောင်မြင်စေဖို့လည်း ဆုမွန်ကောင်းတောင်းထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရှမ်းမြောက်ဒေသတချို့မှာ ညီနောင်မဟာမိတ်နှစ်ဖွဲ့အကြား နယ်မြေအငြင်းပွားမှုကြောင့် တင်းမာမှုတွေ ရှိခဲ့တာပါ။
ဒါဟာ တော်လှန်ရေးအင်အားစုတွေကြား စိုးရိမ်စရာဖြစ်ခဲ့ပေမယ့် အခုလို ထိပ်ပိုင်းခေါင်းဆောင်တွေ ဆွေးနွေးလာတာက အပြုသဘောဆောင်တဲ့ ခြေလှမ်းတခု ဖြစ်ပါတယ်။






