Border News Agency
စစ်တွေ၊ မတ် ၂၀။
ဒေါက်တာစန်းရွှေကို တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးမှာ ရခိုင်ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌအဖြစ်ရွေးလိုက်ပါတယ်။
အဲဒီရခိုင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးပထမနေ့ကို မတ်လ ၂၀ ရက်၊ဒီနေ့စတင်ကျင်းပခဲ့တာပါ။
အဲဒီမှာရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် စစ်တွေမဲဆန္ဒနယ်အမှတ် ၂ က ဒေါက်တာစန်းရွှေအရွေးခံရတာပါ။
အဲဒီအပြင် ရခိုင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ရခိုင်ပြည်နယ် မြေပုံမဲဆန္ဒနယ်အမှတ် ၂ က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာထ င်လင်းဦးကို ရွေးလိုက်ကြပါတယ်။
အဲဒီပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအမည်စာရင်းကို ဒေါက်တာစန်းရွှေအမည်သာ တင်သွင်းခဲ့တာမို့ ဒေါက်တာစန်းရွှေကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးလိုက်တာပါ။
ရခိုင်ပြည်နယ်လွှတ်တော်သဘာပတိကိုတော့ စစ်တွေမြိုနယ်မဲဆန္ဒနယ်အမှတ် ၁ က ဦးနိုင်ဦးကို ရွေးကြပါတယ်။
အဲဒီတတိယအကြိမ် ရခိုင်ပြည်နယ်လွှ တ်တော်ပထမပုံမှန်အစည်းအဝေးပထ မနေ့မှာ လွှတ်တော်ကိုယ်စားလှယ် ၂၁ ဦး၊တပ်မတော်သားပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ၇ ဦး၊စုစုပေါင်းပြ ည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂၈ဦး တက်ရောက်ကြပါတယ်။
အဲဒီလွှတ်တော်ကိုယ်စားလှယ်အများစုဟာကြံံ့ဖွတ်ပါတီကဖြစ်ကြပြီးရခိုင်အ ပါအဝင်ရခိုင်ရှိလူနည်းစုပါတီတွေအ လွန်နည်းပါးပါတယ်။
အဲဒီရခိုင်ပြည်နယ်လွှတ်တော်တည်ရှိရာစစ်တွေမြို့ကို အာရက္ခတပ်တော်ကသိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။





