Border News Agency
ကသာ၊ မတ် ၂၀။
ကသာမြို့ရှိ စစ်ဘေးရှောင်တွေနေထိုင်နေကြတဲ့ဘုန်းကြီးကျောင်းကို မတ်လ၂၀ ရက်၊ဒီနေ့မနက်က စစ်ကော်မရှင်တ ပ်လေကြောင်းတိုက်ခိုက်လို့သံဃာတပါးအပါအဝင်စစ်ဘေးရှောင်ပြည်သူနှ စ်ဆယ်ခန့်သေဆုံးသွားတယ်လို့ ကသာဒေသခံတွေက ဆိုကြပါတယ်။
အဲဒီစစ်ကိုင်းတိုင်း၊ကသာမြို့၊အမှတ် ၃ ရပ်ကွက်ရှိဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့လို့အစုလိုက်အပြုံလိုက်သေဆုံးသွားကြတာပါ။
အဲဒီလိုလေကြောင်းတိုက်ခိုက်လို့လေးထပ်ဘုန်းတော်ကြီးကျောင်းမီးလောင်ပျက်စီးသွားခဲ့သလိုသံဃာတော်တွေ၊အ ရပ်သားပြည်သူတွေအစုလိုက်အပြုံလို က်သေဆုံးသွားခဲ့ကြတာပါ။
အဲဒီဘုန်းကြီးကျောင်းမှာအရပ်သားပြ ည်သူတရာကျော်စစ်ဘေးရှောင်နေကြတာဖြစ်ပြီးစစ်ကော်မရှင်တပ်ကရည်ရွ ယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာလို့ ပြည်သူတွေက ဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာအရပ်သားပြည်သူတွေကိုနေ့စဥ်ရပ်ဆက်ရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်နေတာမို့အရ ပ်သားပြည်သူတွေနေ့စဥ်သေဆုံးဒဏ် ရာရနေကြပါတယ်။
















