Border News Agency
ရုရှား၊ မတ် ၂၄။
ရုရှားနိုင်ငံမြောက်ပိုင်း Plesetsk Cosmodrome အာကာသစခန်းကနေ ဒုံးကျည်တစင်း လွှတ်တင်ခဲ့ပြီးနောက် ကောင်းကင်ယံမှာ အာကာသသန်းကောင် (Space Jellyfish) လို့ ခေါ်တဲ့ ထူးခြားတဲ့ အလင်းတန်းဖြစ်စဉ် ပေါ်ပေါက်ခဲ့တယ်လို့ ဒေသတွင်းမှဒီယာတွေမှာဖော်ပြထားပါတယ်။
အဲဒါဟာ ICBM ဒုံးကျည်စမ်းသပ်မှု ဒါမှမဟုတ် Soyuz-2.1a အာကာသဒုံးပျံလွှတ်တင်မှု ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။
ဒုံးပျံအင်ဂျင်က ထွက်လာတဲ့ အိတ်ဇောငွေ့တွေဟာ လေထုသိပ်သည်းဆနည်းတဲ့ အမြင့်ပိုင်းမှာ ပြန့်ကားသွားပြီး နေရောင်ခြည်နဲ့ ထိတွေ့ရာကနေ အခုလိုသန်းကောင်ပုံသဏ္ဌာန် အလင်းရောင် ထွက်ပေါ်လာတာ ဖြစ်တယ်လို့ ပညာရှင်တွေကသုံးသပ်ကြပါတယ်။












